ပရိသတ်ကြီးရေ ပြည်သူအချစ်တော်လေး စိုးပြည့်သဇင်လေးကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ စိုးပြည့်သဇင် ဟာဆိုရင် ကြော်ငြာတွေ နဲ့ ဗီဒီယို ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာ ရိုက်ကူးနေရပြီး ထိပ်တန်းမင်းသမီးတွေထဲမှာလည်း တစ်ယောက်အပါဝင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် စိုးပြည့်လေးကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်နေတာမဟုတ်ပဲ သီချင်းအဆိုကောင်းပြီး ဝါသနာပါသူလေးပဲဖြစ်ပါတယ်။

Photo Credit - မင်းသမီး ပိုးထည်တိုက်
Photo Credit - မင်းသမီး ပိုးထည်တိုက်

စိုးပြည့်လေးကတော့ အမြဲတမ်း ကလေးလေးတစ်ယောက်လို နေတက်သလို ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ခေတ်ပေါ်ဖက်ရှင်ဝတ်စုံတွေထပ် မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ပိုပြီး ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် စိုးပြည့်လေးက လတ်တလောအနုပညာအလုပ်တွေကို ကပ်ရောဂါ ဆိုးကြီးကြောင့် ခဏတာရပ်နားထားခဲ့ကာ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်လို့ နေ့စဉ်ဆိုသလို ပုံလေးတွေတင်ပေးလေ့ ရှိပါတယ်။ ယခုမှာဆိုရင်တော့ အချစ်တော်လေး စိုးပြည့်သဇင် လေးက ပရိသတ်တွေ ချစ်အားပိုစေလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။

Photo Credit - မင်းသမီး ပိုးထည်တိုက်
Photo Credit - မင်းသမီး ပိုးထည်တိုက်

ဒီပုံလေးတွေထဲမှာတော့ လွတ်လပ်ပေါ့ပါးတဲ့ အပြာရောင်ဂါဝန်လေးကို ဝတ်ပြီး ဟန်ဆောင်မှုကင်းကင်း အသည်းယားစရာကောင်းလောက်အောင် ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုရှိရှိ လှပနေကာ လိုက်ဖက်နေတဲ့ ဂါဝန်လေးကြောင့် သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပိုမိုပေါ်လွင်နေတာကို တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးရေ ရင်ခုန်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိရှိ တစ်မျိုးလေး ချစ်စရာကောင်းနေတဲ့ စိုးပြည့်သဇင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - မင်းသမီး ပိုးထည်တိုက်
Photo Credit - မင်းသမီး ပိုးထည်တိုက်

Photo Credit - မင်းသမီး ပိုးထည်တိုက်

Source - မင်းသမီး ပိုးထည်တိုက် facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။