photo credit - Liquipedia

OGA Dota Pit S2: China tournaments ကတော့ ဒီနေ့ဆိုရင် ကျင်းပလာတာ 6 ရက်မြောက်နေ့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို china region က dota 2 teams စုစုပေါင်း 8 သင်းဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး group stage ပွဲစဉ်တွေအပြီးမှာတော့ PSG.LGD နဲ့ Sparking Arrow Gaming တို့ဟာ ပြိုင်ပွဲကနေ ထွက်ခွာသွားရပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း Upper Bracket Round2 ပွဲစဉ်တွေအဖြစ် EHOME Vs Vici Gaming နဲ့ Invictus Gaming Vs CDEC Gaming တို့ ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။

ဒီပွဲစဉ်တွေက နိုင်တဲ့ နှစ်သင်းကတော့ Upper Bracket Final ကိုတက်ရောက်နိုင်မှာဖြစ်ပြီး ရှုံးတဲ့ နှစ်သင်းကတော့ Lower Bracket round1 မှာ Team Aster , Royal Never Give Up တို့ သွားရောက်ဆော့ကစားရမှာဖြစ်ပါတယ်။

EHOME Vs Vici Gaming ပွဲစဉ်ကတော့ ဒီကနေ့နေ့လည် 12:30 pm မှာဆော့ကစားသွားမှာဖြစ်ပြီး Invictus Gaming Vs CDEC Gaming ပွဲစဉ်ကတော့ နေ့လည် 3:30 pm မှာဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

OGA Dota PIT S1: China တုန်းကတော့ Vici Gaming က champion ဆုကိုရယူနိုင်ခဲ့ပြီး ယခု S2 မှာရော Vici Gaming ကပဲ Champion ထပ်ဖြစ်မလား ဒါမှမဟုတ် ဘယ်အသင်းက champion ဆုကိုရယူနိုင်မလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာပါပဲ။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။