နိုင်ငံတကာသတင်းများ

လန်ဒန်အဆောက်အအုံမီးလောင်မှု ဒေါသထွက်သူတွေ ဆန္ဒပြ

Kyaw လွန်ခဲ့သော ၄ လ က

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အနောက်ဘက်ရှိ ဂရန်းဖဲလ်တာဝါ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက Kensington နဲ့ Chelse Twon Hall တို့ကို အတင်းဝင်ရောက်ကာ မီးလောင်ရတဲ့ အကြောင်းအရင်းကို သိရှိလိုကြောင်း တောင်းဆိုခဲ့ကြတဲ့အနေနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေလျှက်ရှိတယ်လို့ Yahoo7 News မှာဖော်ပြထားပါတယ်။ 

ဇွန်(၁၄)ရက်နေ့က ဂရန်းဖဲလ်တာဝါ မီးလောင်မှုမှာ သေဆုံးသူအရေအတွက်ဟာ (၃၀)အထိ မြင့်တက်လာခဲ့တယ်သလို သေဆုံးသူအရေအတွက်ဟာ (၇၀)ကျော်အထိ မြင့်တက်လာနိုင်ကြောင်းနဲ့ သေဆုံးသူတွေထဲက (၆)ဦးကိုသာ ဘယ်သူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အားလုံးကိုတော့ ခွဲခြားသိနိုင်ဖွယ် မရှိဘူးလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

မီးဘေးသင့်သူတွေကို ပေါင်စတာလင် ၅ သန်း တန်ဖိုးရှိ အကူအညီတွေ ပေးသွားမည်ဖြစ်သလို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကတော့ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ အများပြည်သူ သိရှိနိုင်အောင် စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

Aung

သတင်းအရင်းမြစ် : Yahoo7 News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။