ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေ သီဆိုတတ်ပြီး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို ရရှိထားသူလေးကတော့ အဆိုတော်မလေး အေးမြဖြူပဲ ဖြစ်ပါတယ်နော်..။

အသက်ငယ်ငယ်လေးနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတဲ့ အေးမြဖြူလေးကတော့ အခုဆိုရင် ကိုယ်ပိုင်းသီချင်းတွေလည်း ထွက်ရှိနေပြီ ဖြစ်ပါတယ်နော်..။


Photo Credit - AYE MYA PHYU's Fb Account
Photo Credit - AYE MYA PHYU's Fb Account

ပရိသတ်အချစ်တော်လေး အေးမြဖြူဟာ မကြာခင်ကမှ “လွမ်းနေလို့” ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ကို ထွက်ရှိထားပြီး သူမရဲ့ သီချင်းအသစ်လေးကတော့ ပရိသတ်တွေကို အကြိုက်တွေ့စေပြီး လူငယ်ပရိသတ်တွေကြား ရေပန်းစားနေတာလည်း တွေ့ရပါတယ်နော်..။

သူမရဲ့ “လွမ်းနေလို့” ဆိုတဲ့ သီချင်းအသစ်လေးကိုတော့ ဇွန်လဆန်းလောက်က လုပ်ဖြစ်ခဲ့တာဖြစ်ပြီး ဇွန်လ(၂၆)ရက်နေ့မှာ လိုင်းပေါ်မှာ တင်ပေးခဲ့တာဖြစ်ကာ ပရိသတ်တွေရဲ့ အားပေးမှုလေးတွေ တော်တော်ကောင်းတာမို့ ကြိုးစားရကျိုးနပ်လို့လည်း ပျော်နေတဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။


Photo Credit - AYE MYA PHYU's Fb Account
Photo Credit - AYE MYA PHYU's Fb Account

“ဒီသီချင်းလေးက ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်ပါတယ် တိုက်ဆိုင်တာထက် သီချင်းလေးက ဆိုနေကျသီချင်းလေးဖြစ်တဲ့အတွက် Mood သွင်းရတာလည်း အဆင်ပြေပါတယ် ဒီသီချင်းလေးကို အားလုံးကလည်း ကြိုက်ကြတယ် အခုပရိသတ်တွေရဲ့အားပေးမှုကလည်း တော်တော်ကောင်းတော့ ကြိုးစားရကျိုးနပ်ပါတယ်..” ဆိုပြီး အေးမြဖြူက ပြောပြထားတာပါ..။

နောက်ထပ်တစ်ပုဒ်ထပ်လုပ်ဦးမှာဖြစ်ပြီး နည်းနည်းလေးကြာတော့မှ နှစ်လလောက်မှာတော့ ပုံစံမတူတဲ့ သီချင်းလေးထွက်ဖို့ ရှိတဲ့အကြောင်းလေးကိုလည်း ပြောပြထားသေးတဲ့ အေးမြဖြူရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - AYE MYA PHYU's Fb Account
Photo Credit - AYE MYA PHYU's Fb Account

Photo Credit - AYE MYA PHYU's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။