ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေမျိုးအောင်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ နေမျိုးအောင်ကတော့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Nay Myo Aung 's facebook page
photo credit : Nay Myo Aung 's facebook page

နေမျိုးအောင်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယနေ့လေးကတော့ နေမျိုးအောင်ရဲ့ သားအကြီးဖြစ်သူမင်းထိုက်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပြီး ချစ်ရတဲ့ သားလေးကို မွေးနေ့လေးမှာ ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလာခဲ့ပါတယ်။

photo credit : Nay Myo Aung 's facebook page
photo credit : Nay Myo Aung 's facebook page
photo credit : Nay Myo Aung 's facebook page

နေမျိုးအောင်ကတော့ " Happy birthday ပါသားကြီး သားဘဝမှာလိုချင်တာ ဖြစ်ချင်တာ မိဘကိုဘယ်တော့မှမပြောပဲ တိတ်တိတ်လေးနေပြီ အပူမပေးခဲ့ဘူး ဒါကြောင့်စိတ်ကဖြစ်ချင်မှန်သမျှအလိုလိုရတဲ့ဘဝရရှိပါစေ " ဆိုပြီး သားလေးရဲ့ ငယ်ဘဝပုံရိပ်လေးနဲ့အတူ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ မွေးနေ့ဆုမွန်ကောာင်းတောင်းပေးလာခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် နေမျိုးအောင်တို့ မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Nay Myo Aung 's facebook page

photo credit : Nay Myo Aung 's facebook page
photo credit : Nay Myo Aung 's facebook page
photo credit : Nay Myo Aung 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။