ပရိသတ်ကြီးရေ တစ်ချိန်က စင်မြင့်ထက်မှာ အသံပါဝါကောင်းကောင်းနဲ့ ယုံကြည်မှုရှိစွာ သီဆိုဖျော်ဖြေရင်း ပရိသတ်အားပေးမှုတွေ များစွာကို ရရှိခဲ့တဲ့ သူကတော့ အဆိုတော် ကော်နီပဲဖြစ်ပါတယ်။ ကော်နီက ကိုယ်ပိုင်ရေးသားထားတဲ့ တေးသီးချင်းတွေနဲ့ အမိုက်စားသီချင်းတွေကိုလည်း သီဆိုလေ့ရှိသူဖြစ်ပြီး တစ်ကိုယ်တော် အယ်ဘမ်လ်တွေလည်း များစွာထွက်ရှိထားတဲ့ သူပါနော်။ သူမရဲ့ တေးသီချင်းက ယခုခေတ်လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ စွဲကျန်နေဆဲပဲဖြစ်ပါတယ်........။

Photo credit - Tun Connie's FB account
Photo credit - Tun Connie's FB account

အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားတဲ့ ကော်နီက အားလပ်တဲ့ အချိန်လေးတွေမှာ အလှူအတန်းတွေကိုလည်း တက်နိုင်သလောက်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးလျက်ရှိနေတဲ့ ကော်နီက ယနေ့မှာလည်း သားတစ်ယောက်လို ချစ်ခင်ရတဲ့ အဆိုတော် ြဖိုးပြည့်စုံရဲ့ အိမ်ကို အလည်သွားရောက်ဖြစ်တဲ့အကြောင်း တင်ပေးလာတာပဲဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူနဲ့ နှစ်ယောက်အတူ သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်.......။

Photo credit - Tun Connie's FB account
Photo credit - Tun Connie's FB account

ကော်နီက ဖြိုးပြည့်စုံရဲ့ အိမ်ကိုသွားလည်ရင်း အမှတ်တရတွေဓာတ်ပုံတွေရိုက်ကာ " ဒီနေ့ကျွန်မတို့ချစ်သယ်ရင်းနှစ်ယောက် သား,ကိုဖြိုးအိမ်သို့,အိမ်လည်ထွက်ကြသည် အသက်သတ်လွတ်ထွက်ပြီးဝါးတီးရှယ်စွဲ သမီးစု တို့အိမ်ရဲ့လက်ရာကလည်းရှယ် စကားတွေပြောတာ,ပြောတာဆိုတာ လူကြီးတွေဆိုတာ အခုခေတ်မှာ ခလေးတွေဆီကသင်ယူလေ့လာစရာတွေကအများကြီးရယ် Thank for everything ပါသားရေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်........။

Photo credit - Tun Connie's FB account
Photo credit - Tun Connie's FB account

Photo credit - Tun Connie's FB account

Source - Tun Connie's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။