ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော မေသန်းနုပြန်လည်လွတ်မြောက်လာလို့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်နော်..။

ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆို အပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မဆင့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မိသားစုနဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူမပြန်လည်လွတ်မြောက်လာတဲ့ အတွက်လည်း အားလုံးက ပျော်နေကြသလို သရုပ်ဆောင်စုရှိုင်းကလည်း မဆင့်အတွက် ပျော်နေတဲ့အကြောင်း ပြောပြလာပါတယ်နော်..။


Photo Credit - May Than Nu-Ma Sint's Fb Page
Photo Credit - May Than Nu-Ma Sint's Fb Page

မဆင့်နဲ့ သူမနဲ့တော့ နှစ်အတော်ကြာ ခင်လာပြီး အရင်ကတည်းက စိန်အရောင်းအဝယ်အတူလုပ်ကာ စီးပွားရေးတွေ အတူလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြလာပြီး လတ်တလော မဆင့်ကြုံတွေ့နေရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်နော်..။

“ညီအစ်မအရင်းခေါက်ခေါက်လိုပဲ ခင်ပြီး အဲ့လိုဖြစ်သွားတော့ စိတ်မကောင်းဘူး အခုလို မျှော်နေတဲ့အချိန်မှာပဲ အပြင်ကို ပြန်ရောက်လာတော့ အရမ်းဝမ်းသာပါတယ် စိန်အရောင်းအဝယ်လုပ်တုန်းက တစ်လကို သိန်းတစ်ထောင်ဖိုးလောက် ရောင်းရတယ်ဆိုတော့ အခုအချိန်မှာ အမှတ်တရတွေပေါ့ ရန်ကုန်ရောက်လာတော့ မလုပ်ဖြစ်ကြတော့ဘူး ဒါပေမယ့် အခြားခြေလှမ်းတွေက အခုမှစနေတာ စပြီးတော့လုပ်နေတဲ့အချိန်မှာ အဲ့လိုဖြစ်သွားတာ..” ဆိုပြီး စီးပွားရေးအတူလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Su Shine's Fb Account
Photo Credit - Su Shine's Fb Account

“သူပေးစရာရှိတာလေးကလည်း တကယ်တော့ ကိုယ်လည်း အစအဆုံးအကုန်သိတယ် သူလည်းပေးနေတယ် သူလည်း အဲ့ဒီအမျိုးသမီးကို ဆပ်နေတယ် အတိုးတွေလည်း ပေးနေတယ် ချေးထားတာလည်း ဘယ်လောက်မှမရှိဘူး အဲ့ဒါတွေလည်း အကုန်သိတယ် အဲ့အမျိုးသမီးနဲ့လည်း ကိုယ်က မဆင့်အိမ်မှာပဲ တွေ့ဖူးနေတာ တွေ့တော့ သူ့စိတ်က မဆင့်အပေါ်မှာ တစ်မျိုးတော့ဖြစ်တယ် မဆင့်အပေါ်မှာ အဲ့လိုလေးဖြစ်စေချင်တဲ့ စိတ်ကများနေတာ အဲ့ဒါကြောင့်မို့လည်း ဆပ်နေတဲ့ကြားထဲက အဲ့လိုလေး ဖြစ်အောင်လုပ်လိုက်တာပေါ့နော် ..” ဆိုပြီး မဆင့်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

မဆင့်နဲ့ သူမရဲ့ တချိန်ကအမှတ်တရလေးတွေကို ပြောပြရင်း မဆင့်ကြုံတွေ့နေရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတဲ့ စုရှိုင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Su Shine's Fb Account
Photo Credit - Su Shine's Fb Account

Photo Credit - Su Shine's Fb Account & May Than Nu-Ma Sint's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။