ချစ်စရာကောင်းတဲ့ အတွဲလေးအဖြစ် ပရိသတ်တွေရဲ့ အားကျခြင်းကို ခံထားရသူတွေကတော့ နေဝင်းတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နှစ်တွေအကြာကြီးတွဲခဲ့ပြီး ဆယ်နှစ်အကြာမှာ လက်ထက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို ချစ်ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို အတူတူ ဖန်တီးတည်ဆောက်ထားကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Nay Win's Facebook Page
Photo Crd - Nay Win's Facebook Page
Photo Crd - Nay Win's Facebook Page

သူတို့နှစ်ယောက်ဟာ Stay Home ကာလကတည်းက Couple Live လွှင့်ကာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခဲ့ကြတာလည်း ဖြစ်ပါတယ်။

နေဝင်းကလည်း ဂီတာလေးတီးကာ ပရိသတ်တွေကို သီချင်းလေးတွေ အမြဲသီဆိုပြလေ့ ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ပရိသတ်တွေ စောင့်မျှော်အားပေးနေကြတဲ့ Couple Live လေးကို မနေ့ညက တင်ဆက်ပေးလိုက် ပြန်ပါပြီနော်။  

Photo Crd - Nay Win's Facebook Page
Photo Crd - Nay Win's Facebook Page
Photo Crd - Nay Win's Facebook Page

ဒါကတော့ မျက်နှာကို Mask ကပ်ပေးကာအသားအရည်ထိန်းသိမ်းပေးနေတဲ့ ချစ်ဇနီးလေးကိုကြည့်ကာ အချစ်တွေပိုနေရတဲ့နေဝင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက်နဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nay Win's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။