မော်ဒယ်၊သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ ဘိုဆန်တဲ့မျက်နှာလေးနဲ့ နိုင်ငံခြားသူလေးတစ်ယောက်လို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။ ပက်ထရစ်ရှာက ချောမောလှပလွန်းတဲ့ မျက်နှာလေးကိုသာမက စိုပြေလှပတဲ့အသားအရေနဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပါ ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပက်ထရစ်ရှာကို ယောက်ျားလေးတွေသာမက မိန်းကလေးတွေကပါ ကြွေနေရတာ ဖြစ်ပါတယ်။

Photo Credit-Patricia (Sue Sha Naing)'s FB Page
Photo Credit-Patricia (Sue Sha Naing)'s FB Page
Photo Credit-Patricia (Sue Sha Naing)'s FB Page

ပက်ထရစ်ရှာက အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုများစွာကို ရရှိနေသူလေးဖြစ်ပြီး အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လူငယ်ဆန်ပြီး အမြဲတမ်းလွတ်လပ်ပေါ့ပါးတဲ့စတိုင်လေးနဲ့ အထာကျနေတတ်တဲ့ ပက်ထရစ်ရှာက ဖက်ရှင်တွေကအစ ခေတ်မှီနေတာ ဖြစ်ပါတယ်။ အခုလည်း ပက်ထရစ်ရှာက ဆွဲဆောင်မှုအားပြင်းတဲ့ပုံစံလေးနဲ့ အမိုက်စား Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Patricia (Sue Sha Naing)'s FB Page
Photo Credit-Patricia (Sue Sha Naing)'s FB Page
Photo Credit-Patricia (Sue Sha Naing)'s FB Page

အလန်းစားဖက်ရှင်ဆန်းဆန်းလေးကို ဝတ်ဆင်ထားတဲ့ ပက်ထရစ်ရှာကတော့ ညို့အားပြင်းပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ အရမ်းကို ထိမိနေတာပဲ ဖြစ်ပါတယ်။ ရင်ခုန်ချင်စရာကောင်းအောင် လှနိုင်လွန်းတဲ့ ရှာရှာက ခပ်မိုက်မိုက်ပုံစံလေးနဲ့ Tik Tok ကစားထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပက်ထရစ်ရှာရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Patricia (Sue Sha Naing)'s FB Page 

Photo Credit-Patricia (Sue Sha Naing)'s FB Page
Photo Credit-Patricia (Sue Sha Naing)'s FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။