ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာပျိုးခင်းမှ တစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာသူပဲဖြစ်ပြီး ယနေ့ချိန်မှာတော့ အောင်မြင်တဲ့ နိုင်ငံကျော် မင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရဲ့ သရုပ်ဆောင် အိုက်တင်ပီပြင်မှုတွေကြောင့်လည်း ဝါရင့်သရုပ်ဆောင်များကတောင် ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Shwe Mhone Yati's Facebook Account
Photo Crd - Shwe Mhone Yati's Facebook Account
Photo Crd - Shwe Mhone Yati's Facebook Account

ရွှေမှုံဟာ ရုပ်ရှင်ဇာတ်ကားတွေကို လက်မလည်အောင် ရိုက်ကူးနေရတဲ့ ထိပ်တန်း မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ဆက်တိုက် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ ရွှေမှုံဟာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ မိတ်ကပ်ဆရာမရဲ့ Facebook story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Shwe Mhone Yati's Facebook Account
Photo Crd - april Thuta's Facebook Account
Photo Crd - april Thuta's Facebook Account

ဒါကတော့ ချစ်ခင်ပွန်းကိုမုန့်ကျွေးချင်ယောင်ဆောင်ပြီး ပေါက်ပေါက်လေးတွေနဲ့ပစ်ပေါက်ကာ စနောက်လိုက်တဲ့ ရွှေမှုံရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ကြော်ငြာလေးတစ်ခုကို အတူတူရိုက်ကူးရေး လုပ်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ရွှေမှုံနဲ့ ရွှေထူးတို့ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Shwe Mhone Yati's and april Thuta's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။