မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင်ဗီဒီယိုဇာတ်ကားတွေကိုလည်း ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

photo credit: Thinzar Nwewin ' s facebook acc
photo credit: Thinzar Nwewin ' s facebook acc

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာ အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့်လည်း ကြော်ငြာတွေကိုတော့ ရိုက်ကူးလျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: Thinzar Nwewin ' s facebook acc
photo credit: Thinzar Nwewin ' s facebook acc

သူမကတော့ ယခုမှာ ချစ်စရာကောင်းလွန်းတဲ့ သမီးချောလေးနဲ့အတူ လေးယောက်ပေါင်းပြီး ပြီးပြည့်စုံတဲ့မိသားစုဘဝလေးကိုရရှိနေခဲ့ပါတယ်။ သူမကတော့ " လေးယောက်ပေါင်းမှပြည့်စုံတဲ့ဘဝလေးပါ " ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းတို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source: Thinzar Nwewin ' s facebook acc

photo credit: Thinzar Nwewin ' s facebook acc
photo credit: Thinzar Nwewin ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။