ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး နေခြည်ရွှန်းလက်ကတော့ mrtv-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို စတင်သိမ်းပိုက်ရရှိထားပြီး အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ပြည်သူ့အချစ်တော်လေးပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ရိုးရှင်းအေးချမ်းစွာ လှနေတဲ့ နေခြည်လေးကတော့ လူငယ်ဆန်ဆန်ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Nay Chi Shoon Lak's Fb Account
Photo Credit - mama Chuu Pwint Paing

ဇာတ်ကားတွေတော်တော်များများနဲ့ ပရိသတ်တွေကို သဘောကျစေတဲ့ နေခြည်လေးဟာ “မဟူရာပုလဲ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီ ပြန်လညရောက်ရှိလာဦးမယ့်အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

“မဟူရာပုလဲ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီ ပြန်လာမှာဖြစ်ပေမယ့် အချိန်နည်းနည်းကြာဦးမယ့် အကြောင်းလေးကိုလည်း သူမရဲ့ကာရိုက်တာလေးကတော့ ခါတိုင်းလုပ်နေကျကာရိုက်တာတွေနဲ့ တော်တော်လေး ကွဲတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်နော်..။


Photo Credit - Nay Chi Shoon Lak's Fb Account
Photo Credit - Nay Chi Shoon Lak's Fb Account

“မဟူရာပုလဲ" ဇာတ်လမ်းတွဲနဲ့ပြန်လာမယ် ဒါပေမယ့် နည်းနည်းတော့ ကြာဦးမယ်ထင်တယ် ရိုက်ကူးရေးကလည်း အခုမှစနေတုန်းက ရိုက်ကူးရေးအချိန်ကာလကလည်း (၇)လလောက်ကြာမှာဆိုတော့ ထပ်ပြီးတော့ ရိုက်ဦးမယ်ဆိုရင် အချိန်တော်တော်လေးတော့ ကြာဦးမယ် ထင်တယ် အဲ့တော့ နေခြည်ကို မမေ့ပါနဲ့လို့ ပြောချင်ပါတယ်..” ဆိုပြီးတော့လည်း အချိန်ကြာရတဲ့ အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။

ခါတိုင်းလုပ်နေကျကာရိုက်တာတွေနဲ့ ကွဲထွက်ပြီး အကောင်းဆုံးကြိုးစားနေတာမို့ စောင့်ကြည့်ပေးကြဖို့လည်း ပရိသတ်တွေကို ပြောထားတဲ့ နေခြည်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Nay Chi Shoon Lak's Fb Account
Photo Credit - Nay Chi Shoon Lak's Fb Account

Photo Credit - Nay Chi Shoon Lak's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။