ပရိသတ်ကြီးရေ.. အမိုက်စားသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့တခဲနက် အားပေးဝန်းရံမှုတွေကို များစွာ ရရှိထားတဲ့ အဆိုတော် ဂီတအနုပညာရှင်တွေထဲမှာ နီနီခင်ဇော်နဲ့ မိစန္ဒီတို့ကတော့ တကယ်ကို အမိုက်စားလေးတွေပါပဲနော်..။

သူမတို့သူငယ်ချင်းနှစ်ယောက်ကတော့ သီချင်းလေးတွေကိုလည်း အတူဖန်တီးတတ်ကြပြီး ကိုယ်ပိုင်သံစဉ်လေးတွေအပြင် Cover Song ပြန်ဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေကို အကြိုက်တွေ့ သဘောကျစေကြပါတယ်နော်..။


Photo Credit - MiSandi Min Nyan's Fb Account
Photo Credit - MiSandi Min Nyan's Fb Account

အခုတစ်ခါမှာလည်း Justice Bieber ရဲ့ Intentions သီချင်းကို နီနီခင်ဇော်နဲ့ သူငယ်ချင်းနှစ်ယောက်အတူ Cover ပြန်ဆိုဖြစ်တဲ့အကြောင်းလေးကို မိစန္ဒီက ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။

“အဲ့သီချင်းက ဒီလိုပါပဲ နီနီက ကြားတဲ့ Cover အများကြီး ဆိုဖြစ်နေတယ် မိစန္ဒီက အင်္ဂလိပ်သီချင်းကို ဆိုတာ သိပ်မသားမကျဘူး တစ်ပုဒ်နှစ်ပုဒ်ပဲ ဆိုဖူးတာ ရေးတာလည်း အသားမကျဘူးကွာ ကိုယ်တွေက မနည်းဆိုရတာ Justice Bieber ရဲ့ Intentions သီချင်းဆိုရင် လွယ်မလိုလိုနဲ့ စာလုံးတွေက တအားပြွတ်တယ် အရမ်းဆိုရခက်တယ်..” ဆိုပြီး Cover Song ပြန်ဆိုတဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။


Photo Credit - MiSandi Min Nyan's Fb Account
Photo Credit - MiSandi Min Nyan's Fb Account

“သူငယ်ချင်းနှစ်ယောက် အမှတ်တရလည်း ဖြစ်အောင် Stay Home မှာလည်း အားလည်း အားနေတော့ သီချင်းတွေရေးတယ် သီချင်းလည်း လုပ်တယ် သူက ဟိုးရှေးဟောင်းသီချင်းတွေ ဆိုချင်တာ မိစန္ဒီက Intentions ကို ရွေးလိုက်တာပါ နောက်တစ်ပုဒ်လည်း ဆိုဖို့ရှိတယ် အားပေးကြပါဦး ..” ဆိုပြီးတော့လည်း အမှတ်တရလေးတွေကို ပြောပြထားပါသေးတယ်နော်..။

Justice Bieber ရဲ့ Intentions သီချင်းကို သူငယ်ချင်းနှစ်ယောက် ပြန်ဆိုထားတဲ့ အကြောင်းလေး ပြောပြထားတဲ့ မိစန္ဒီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - MiSandi Min Nyan's Fb Account
Photo Credit - MiSandi Min Nyan's Fb Account

Photo Credit - MiSandi Min Nyan's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။