အနုပညာရှင်များ

နာမည်ကြီးနေတဲ့ Video ကိစ္စနဲ့ပတ်သတ်ပြီး ဇေရဲထက်ပြန်ရှင်းပြီ

goe လွန်ခဲ့သော ၂ လ က

ယခုတစ်လော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးမင်းသား ဇေရဲထက်နဲ့ မင်းသမီး ရွှေမှုန်ရတီတို့ပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပြီး ပရိသတ်တွေကြား ရေပန်းစာနေပါတယ်။ ဒီ Video ကတော့ ရွှေမှုန်ရဲ့ Live တစ်ပိုင်းတစ်စကို ဖြတ်ထုတ်ထားပြီး ဒီထဲမှာ အနုပညာမောင်နှမအချင်းချင်းစနောက်ရာကနေ ပရိသတ်အထင်လွဲစေတဲ့ပုံစံမျိုးဖြစ်သွားတာကြောင့် နာမည်ကြီးနေတာလို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဇေရဲထက်ကတော့ ယခုလို ပြန်လည်ဖြေရှင်းထားတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ....

"အထင်မြင်မှားလည်း မှားနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်တွေကအမှန်တိုင်းပြောရရင် တစ်ယောက်နဲ့တစ်ယောက် တစ်ခါတစ်လေ အလွန်အကျွန်တွေ စနောက်တာလည်း ရှိတယ်။ အဲ့ဒီမှာဆို သူတို့မိဘတွေလည်းရှိတယ်။ မင်းသမီးအများကြီးလည်းရှိတယ်။ ကျွန်တော်တို့တွေကလေးလိုပဲ စနောက်ကြတယ်။ ဒါပေမဲ့ ရွှေမှုန်ရတီကိုယ်တိုင်လည်း ကျွန်တော်တို့နှစ်ယောက်ရဲ့စိတ် မောင်နှမလိုပဲနေတယ်။

တိုင်ပင်ဖော်တိုင်ပင်ဖက် ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်လည်းဖြစ်တယ်။ တကယ့်ကိုမောင်နှမတွေလိုပါပဲ။ သူတို့ Live လွှင့်တာလည်း ကိုယ်တွေက မသိလိုက်တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက်စိတ်လွတ်ကိုယ်လွတ်လေးတွေဖြစ်သွားပြီး စနောက်လိုက်မိတာပါ။ ကျွန်တော်အနေနဲ့ သိပ်မဖြေရှင်းတော့ဘူး။ ပြီးတော့ ကာယကံရှင်နှစ်ဦးလုံးလည်းသိတယ်။ တစ်ချို့ကတော့ တစိတ်ကိုတအိတ်လုပ်ပြောကြမှာပေါ့" လို့ ဇေရဲထက်က ပြန်လည်ဖြေရှင်းခဲ့ပါတယ် ပရိသတ်ကြီးရေ...........

Source: The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။