ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်ခင်ပွန်းအပြင် သမီးလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

စမိုင်းလ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် လှူဒါန်းမှုတွေမှာလည်း ရက်ရက်ရောရောလှူဒါန်းနေသလို ပျော်စရာ မိသားစုပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအားကျချစ်ခင်နေကြတာပါ..။


Photo Credit - စမိုင်းလ် Smile's Fb Page
Photo Credit - စမိုင်းလ် Smile's Fb Page

မိသားစုပုံရိပ်လေးတွေကိုလည်း ဝေမျှလေ့ရှိပြီး အခုတစ်ခါမှာလည်း သမီးလေးတွေကို သွန်သင်ဆုံးမဖြစ်တဲ့အကြောင်းအရာလေးတွေနဲ့ ဂိမ်းဆော့တာ ဝါသနာပါတဲ့ ချစ်သမီးလေးရဲ့ ဝါသနာကို ပံ့ပိုးပေးဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။

သမီးလေး အရင်က ဂိမ်းကိုအပျော်ပဲ ဆော့ပေမယ့် အခုနောက်ပိုင်း သေသေချာချာလေး ဆော့ဖြစ်နေပြီး သူမအနေနဲ့ကတော့ မျက်လုံးထိခိုက်မှာစိုးလို့ ဂိမ်းဆော့တာကို မကြိုက်ပေမယ့် ဝါသနာပါပြီး အချိန်နဲ့ ဆော့တဲ့ သမီးလေးကို ခွင့်ပြုပေးဖြစ်တဲ့ အောကာင်းလေးတွေကို ပြောပြထားတာပါ..။


Photo Credit - စမိုင်းလ် Smile's Fb Page
Photo Credit - စမိုင်းလ် Smile's Fb Page

“ဂိမ်းကသူက ဝါသနာတော်တော်လေးကို ပါတယ် အရင်တုန်းက အပျော်ပဲဆော့တာ အခုတော်တော်သေသေချာချာလေးကို ဆော့တယ် ဒါကို မိဘအနေနဲ့ ပံပိုးပေးဖြစ်တာပေါ့ အရင်ခေတ်တုန်းကတော့ ဂိမ်းဆော့တာ မကောင်းဘူးပေါ့ အခုကတော့ E Sport အနေနဲ့လည်း ဖြစ်လာပြီ ဂိမ်းဆော့ရင်းနဲ့လည်း ပိုက်ဆံရှာလို့ ရနေပြီဆိုတော့ အဲ့တော့ မိဘဆိုတော့ သမီးလေးကို ပံ့ပိုးပေးတာပေါ့ အစ်မကတော့ မျက်စိတွေပျက်မှာစိုးလို့ ဂိမ်းဆော့တာ မကြိုက်ဘူး ဒါပေမယ့် တစ်နာရီဆော့ တစ်နာရီနားပြီး အချိန်နဲ့ဆော့တော့ ခွင့်ပြုပေးတာပေါ့..” ဆိုပြီး စမိုင်းလ်က ပြောပြထားတာ ဖြစ်ပါတယ်နော်..။

သမီးလေးတွေ ဘုရားတရားပိုလုပ်ဖြစ်ဖို့ သင်ပေးဖြစ်ပြီး အကောင်းအဆိုးခွဲခြားပြီးတော့ လူရွေးတတ်ဖို့နဲ့ သူငယ်ချင်းကောင်းကအစ ရွေးတတ်ဖို့ ဘေးကနေ ကူညီပေးဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ စမိုင်းလ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - စမိုင်းလ် Smile's Fb Page
Photo Credit - စမိုင်းလ် Smile's Fb Page

Photo Credit - စမိုင်းလ် Smile's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။