ပရိသတ်ကြီးရေ ဝါရင့် သရုပ်ဆောင်မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော် ကတော့ တစ်ခေတ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးပဲဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပိုင်းမှာတော့ ဘယ်လိုဇာတ်ကောင်တွေကို မဆို သဘာဝကျကျ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေကြောင့်လည်း အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ရရှိထားတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော် ကတော့ ယနေ့အချိန်ထိ ဆယ်ကျော်သက်တွေလို ငယ်ရွယ်နုပျို ချောမောနေပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ချစ်ခင်သူများပေါ်များနေတာ ဖြစ်ပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw
Photo & Video Credit - Khin Zar Chi Kyaw

လတ်ရှိမှာတော့ မင်းသမီး ခင်ဇာခြည်ကျော် က အနုပညာအလုပ်တွေကို အရင်ကထပ် မလုပ်တော့ပေမယ့် ဖြည်းဖြည်းနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ဇာခြည်ကျော် က ချစ်စရာကောင်းတဲ့ သားလေး ၊ သမီးလေး နှစ်ယောက်နဲ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်ကြီးသွားပေမယ့်လည်း လူငယ်လေးတစ်ယောက်လို အမြဲ tik tok လေးတွေ ဆော့ပြီး ပရိသတ်တွေအတွက်လည်း ဖော်ပြပေးလေ့ရှိပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw
Photo & Video Credit - Khin Zar Chi Kyaw

ယခုမှာဆိုရင်လည်း မင်းသမီး ခင်ဇာခြည်ကျော် က အိမ်မှာနေရင် အပျင်းပြေဆော့ကစားထားတဲ့ ဟာသ tik tok ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်နော်..။ ခင်ဇာခြည်ကျော် ရဲ့ စကားလုံးလှလှလေးတွေသုံးကာ ကြည့်မိသူတိုင်းရယ်မောသွားစေလောက်အောင်ရိုက်ထားတဲ့ ဟာသ ဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျ ကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီး ခင်ဇာခြည်ကျော် ရဲ့ ရယ်စရာကောင်းလောက်တဲ့ ဟာ ဗီဒီယိုလေးကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw

Source - Khin Zar Chi Kyaw's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။