အဆိုတော်အောင်ထက်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အသံကောင်းကောင်းနဲ့ သီချင်းလေးတွေကို သီဆိုလေ့ရှိသူလေးပဲ ဖြစ်ပြီး အဆိုတော်လောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ သီချင်းအသစ်လေးတွေကို ထွက်ရှိဖို့ ကြိုးစားလျက်ရှိနေတဲ့ အောင်ထက်ကတော့ ယခုမှာ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာဆုရခဲ့တာ ၅နှစ်ပြည့်ခဲ့ပြီး ယနေ့အထိ ဂီတလောကမှာ အလုပ်လုပ်ခွင့်ရလို့ ပျော်ရွှင်နေခဲ့ပါတယ်။

photo credit : Aung Htet 's facebook page
photo credit : Aung Htet 's facebook page
photo credit : Aung Htet 's facebook page

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အောင်ထက်ကတော့ " ဒီနေ့ဟာ ကျွန်တော် အိပ်မက်ဆုံရာ-ရာသက်ပန်သီချင်းဆိုပြိုင်ပွဲမှာ ဆုရခဲ့တာ ၅ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်5-7-2015 ကစပြီး ဒီနေ့အထိဂီတလောကထဲမှာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ခွင့်ရခဲ့ပါတယ် သီချင်း Album အသစ်တွေ ထွက်ခွင့်ရတယ် Show တွေအများကြီးလည်းဆိုခွင့်ဖျော်ဖြေခွင့်ရခဲ့တယ် " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Aung Htet 's facebook page
photo credit : Aung Htet 's facebook page
photo credit : Aung Htet 's facebook page

အောင်ထက်ကတော့ " အဲဒီအတွက် ကျွန်တော့်ရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ၊ ဂီတလောကမှ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများနဲ့ ကျွန်တော့်ကို ဂရုစိုက်ပြီးဖေးမချစ်ခင်ပေးကြတဲ့ ဂီတညီအစ်ကိုမောင်နှမများအားလုံးနဲ့အတူတူလက်တွဲပြီး အလုပ်လုပ်ခွင့်ရခဲ့တဲ့ Company များ၊မီဒီယာများ၊အဓိကတော့ ကျွန်တော့်ရဲ့သီချင်းတွေကို နားဆင်ခံစားအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ အားလုံးအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်နောက်ထပ်နောက်ထပ်လည်း ဒီထက်ပိုပြီးကြိုးစားဖန်တီးတဲ့သီချင်းတွေကို ဒီထက်ပိုပြီးနားဆင်ခံစားကြပါခင်ဗျာအမှတ်တရများအား တန်ဖိုးထားလျက် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Aung Htet 's facebook page

photo credit : Aung Htet 's facebook page
photo credit : Aung Htet 's facebook page
photo credit : Aung Htet 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။