သရုပ်ဆောင် မင်းသားချောလေး ဇေရဲထက်ကတော့ ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေ တော်တော်များများရိုက်ကူးခဲ့ရပြီး တစ်ဟုန်ထိုးအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ အငို၊ အရယ်၊ အကြမ်း၊ ဟာသစတဲ့ ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် ဖန်တီးသရုပ်ဖော်နိုင်တဲ့ ဇေရဲထက်က ပရိသတ်တွေရဲ့အသည်းစွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇေရဲထက်က အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်သာလုပ်ကိုင်တော့တာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

ဒါပေမယ့်လည်း ပရိသတ်တွေက ဇေရဲထက်ရဲ့လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားစောင့်ကြည့်ပြီး ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ဇေရဲထက်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပရိသတ်တွေနဲ့ရင်းနှီးမှု ရရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ဇေရဲထက်က အိမ်မှာနေရင်း ဘုရားခန်းနဲ့ ဧည့်ခန်းကိုသန့်ရှင်းရေးလုပ်ကာ အလှဆင်နေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Zay Ye Htet's FB Acc & Alinn Yaung Photography
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc & Alinn Yaung Photography

ဇေရဲထက်က " အမြင်မကြည်ရင် စိတ်ထဲမသန့်သလိုခံစားရရင် အကုန်ရှင်းလင်း ပြန်မွမ်းမံတတ်တာ ကျွန်တော့စိတ်ပါ" ဆိုပြီး ခမ်းနားသပ်ရပ်တဲ့ သူ့ရဲ့အိမ်လေးကို ပြသထားတာ ဖြစ်ပါတယ်။ ဇေရဲထက်ရဲ့အိမ်လေးမှာတော့ ဘုရားခန်းကလည်း ရွှေရောင်တဝင်းဝင်းနဲ့ အရမ်းကိုကျက်သရေရှိနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောဇေရဲထက်ရဲ့နေချင်စရာကောင်းတဲ့အိမ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Zay Ye Htet's FB Acc 

Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc
Photo Credit-Zay Ye Htet's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။