ပရိသတ်တွေ အားလုံးသိကြတဲ့အတိုင်း Mobile Legends ဟာဆိုရင် ခုချိန်မှာတော့ တော်တော်ရေပန်းစားနေတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကလဲ MPLI ပြိုင်ပွဲကိုကျင်းပခဲ့ပြီး မြန်မာကိုယ်စားပြု BG ဟာဆိုရင်လဲ M1 Champion Evos ကိုအနိုင်ကစားနိုင်ခဲ့ပြီး Top 3 ထဲဝင်ခဲ့ပါတယ်။ Top 3 နေရာမှာ RSG နဲ့တွေ့ဆုံခဲ့ပြီး နံပါတ်၃ နေရာနဲပဲကျေနပ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာဟာ ML eSports လောကမှာ Top 3 ဝင်နိုင်ခဲ့ပါတယ်။ ခုချိန်မှာလဲ ML ဟာလဲ လူတိုင်းသိကြတဲ့ ဂိမ်းဖြစ်နေသလို Player တွေတော်တော်များများလဲ ထုတ်ပြန်ကြေညာထားတဲ့ Revamp Hero တွေကိုစောင့်နေကြပါတယ်။ 

Revamp Hero တွေကတော့ Miya,Layla. Eudora, Zilong နဲ့ Saber တို့ပဲဖြစ်ပါတယ်။ လူတော်တော်များများကလဲ သူတို့ရဲ့ Revamp တွေကိုတွေ့ရှိပြီးကြပြီဖြစ်မှာပါ။ သို့သော်လောလောဆယ်မှာတော့ သူတို့တွေထဲက တစ်ယောက်မှ Original Server ထဲကို မရောက်ရှိကြသေးပါဘူး။ Project Next Express #1 မှာဆိုရင်တော့ Revamp Hero ဖြစ်တဲ့ Eudora နဲ့ Saber ကိုတော့ ကြေညာခဲ့ပါတယ်။ ပရိသတ်ကြီးအနေနဲ့လဲ သူတို့နှစ်ယောက်ရဲ့ Revamp ကိုကျေနပ်ကြမယ်လို့ထင်ပါတယ်။ နောက် Revamp တွေကတော့ ဘယ်နေ့လာမယ်ဆိုတာ မသေချာသေးပဲ ပြုပြင်လျက်ရှိနေတုန်းပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Devilkinght

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။