ပရိတ်သတ်ကြီးရေ......သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ကလေးတစ်ယောက်လို ချစ်စဖွယ်မျက်နှာလေးနဲ့ ပရိတ်သတ်အားပေးမှု အပြည့်အ၀ရရှိထားသူလေးဖြစ်တဲ့ မင်းသမီးချောလေး၀တ်မှုန်ရွှေရည်ကိုသိကြမယ်ထင်ပါတယ်‌။ သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင် နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။‌ ကစ်‌ဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်း သိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။


Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page

၀တ်မှုန်ရွှေရည်ဟာ ဖြူဖွေး၀င်းဥနေတဲ့ အသားအရည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး ကလေးလေးတစ်ယောက်လို အရွယ်တင်နုပျိုနေတာပါနော်။ ဒါ့ပြင်ကစ်ဟာ ဖက်ရှင်နဲ့ပက်သက်ပြီးလည်း အမြဲခေတ်မီစတိုင်ကျကျ၀တ်တတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအချစ်ပိုနေရတာပါ။ ရွှေကစ်လေးရဲ့ တစ်ဦးတည်းသောညီမလေးဖြစ်တဲ့ နဒီရွှေရည်ဟာဆိုရင် ချစ်စရာကောင်းတဲ့ သားသားလေး တစ်ယောက်မွေးဖွားထားတာပါနော်။


Photo credit-Wutt Hmone Shwe Yi's Facebook page

ရွှေကစ်လေးဟာ သူမရဲ့တစ်ဦးတည်းသော တူလေးဖြစ်တဲ့ ကောင်းကမ္ဘာကိုအချစ်တွေပိုပြီးရင်း ပိုနေတာပါ။ မကြာသေးမီကလည်း သူမရဲ့ Instagram storyလေးမှာ ရှုတင်ကိုလိုက်လာပြီး ဆော့ကစားနေတဲ့ တူလေးရဲ့ချစ်စရာဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source-Wutt Hmone Shwe Yi's Instagram

Photo credit-Wutt Hmone Shwe Yi's Facebook page

Video Credit-Wutt Hmone Shwe Yi's Instgram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။