သရုပ်ဆောင် မင်းသမီးချောလေး ငွေမှုံရတီကတော့ အစ်မဖြစ်သူရွှေမှုံရတီနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူလေး ဖြစ်ပါတယ်။ အသက်(၁၉) နှစ်အရွယ်သာရှိသေးတဲ့ ငွေမှုံရတီက ဆယ်ကျော်သက်အရွယ်လေးကတည်းက ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ငွေမှုံရတီက အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်ပေမယ့်လည်း Photo Shooting တွေတော့ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo Credit-Ngwe Hmone Yati's FB Acc
Photo Credit-Ngwe Hmone Yati's FB Acc
Photo Credit-Ngwe Hmone Yati's FB Acc

ငွေမှုံရတီကတော့ ချောမောလှပတဲ့မျက်နှာလေးနဲ့အတူ ပြုံးလိုက်တိုင်းမှာ ကလေးဆန်ဆန်လေး ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သူမရဲ့လှုပ်ရှားမှုလေးတွေကို မျှဝေတတ်တဲ့ ငွေမှုံရတီက တစ်ခါတစ်ရံမှာလည်း ရွှေရွှေတို့စုံတွဲနဲ့ အမှတ်တရလေးတွေကို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ငွေမှုံရတီတစ်ယောက် ရွှေရွှေတို့စုံတွဲရဲ့ရှုတင်ကို အလည်လိုက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Ngwe Hmone Yati's FB Acc
Photo Credit-Ngwe Hmone Yati's FB Acc
Photo Credit-Ngwe Hmone Yati's FB Acc

ငွေမှုံရတီက " လိုက်သွားပြီးထမင်းသွားစားတာ " ဆိုပြီး အစ်မဖြစ်သူ ရွှေမှုံရတီတို့ဇနီးမောင်နှံရဲ့ ရှုတင်မှာပျော်နေတဲ့ ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေမှုံရတီက အစားအသောက်တွေအပီအပြင်ဆွဲနေတဲ့ ရွှေရွှေတို့စုံတွဲကို ဓာတ်ပုံရိုက်ပြီး စနောက်ထားတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ငွေမှုံရတီနဲ့ ရွှေရွှေတို့စုံတွဲရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Ngwe Hmone Yati's FB Acc

Photo Credit-Ngwe Hmone Yati's FB Acc
Photo Credit-Ngwe Hmone Yati's FB Acc
Photo Credit-Ngwe Hmone Yati's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။