ပရိသတ်ကြီးရေ ကိုပေါက်ကတော့ အနုပညာလောကထဲကို ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်အနေတဲ့ စတင်လျှောက်လှမ်းခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ယနေ့ အချိန်မှာတော့ ကိုပေါက် ရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် ကဗျာ ၊ ဇာတ်ညွန်းရေး တဲ့အပြင် ဒါရိုက်တာ တစ်ယောက်အနေနဲ့ပါ အကောင်းဆုံးရပ်တည်နေတာဖြစ်ပါတယ်။ ကိုပေါက် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်တွေရဲ့ ထပ်တူကျတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။

Photo & Video Credit -Aung Min Naing
Photo & Video Credit -Aung Min Naing

လတ်ရှိမှာတော့ ကိုပေါက် က အနုပညာအလုပ်တွေကို ကပ်ရောဂါဆိုးကြီးကြောင့် ခဏတာရပ်နားထားခဲ့ရပြီး ချစ်ရတဲ့ မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေးမှာ ချစ်ပရိသတ်တွေ ပျော်ရွှင်စေဖို့အတွက် ရယ်စရာကောင်းလောက်တဲ့ ဟာ ဗီဒီယိုလေးတွေကို ဖော်ပြပေးတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ကိုပေါက် တို့ မိသားစုလေးက မန္တလေး ကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။

Photo & Video Credit -Aung Min Naing
Photo & Video Credit -Aung Min Naing

ယခုမှာဆိုရင်တော့ ကိုပေါက် က ပရိသတ်တွေနဲ့ အတူ Live လွှင့်ပြီး စကားတွေပြောကာ မန္တလေးမြို့ကြီး အရင်ကထပ် ပြောင်းလဲသွားခဲ့တာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကိုပေါက် ကတော့ အရင်က ဖြတ်သန်းခဲ့ရတဲ့ ဘဝ အကြောင်းလေးတွေနဲ့ သိမှတ်စရာလေးတွေလည်း ပြောပြခဲ့သေးပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ကိုပေါက် ရဲ့ Live ဗီဒီယိုလေးကို ပြန်လည် ကြည့်ရှုလို့ ရအောင် ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်နော်...။

Photo & Video Credit -Aung Min Naing

Source - Aung Min Naing's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။