ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ Music videoတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေနဲ့ photo shootingတွေကို ဆက်တိုက်ရိုက်ကူးလာကာ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမက ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ကာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေတာလည်းဖြစ်ပါတယ်....။ 

Photo credit - Thar Gan's FB account
Photo credit - Thar Gan's FB account

အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ မင်းသမီးချောလေး ဘေဘီမောင်က အချစ်ရေးမှာလည်း အများက အားကျရတဲ့ အချစ်ရေးလေးကို အဆိုတော်သားဂန်းနဲ့အတူ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဘေဘီတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးက နားလည်မှုရှိပြီး သစ္စာရှိရှိနဲ့ တည်ဆောက်ထားတာဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ အားကျနေကြတာလည်းဖြစ်ပါတယ်။ အမြဲ ရိုဆန်ဆန်နဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ နှစ်ယောက်သားပုံလေးတွေကို တင်ပေးလေ့ရှိတဲ့ သားဂန်းက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်......။

Photo credit - Thar Gan's FB account

နှစ်ယောက်သား ကြည်နူးပျော်ရွှင်စွာဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာပြီး စကားလုံးဆန်းဆန်းလေးတွေသုံးကာ ဘေဘီရဲ့ အချစ်တွေကို အပိုင်ယူနေတာပဲဖြစ်ပါတယ်။ သားဂန်းက " သတိ အချစ်သည်ဘောင်မခတ်ရ လွတ်လပ်စွာချစ်၍ နားလည်မူ့ဖြင့်ရှေ့ဆက်ရသည်" ဆိုပြီး လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.........။

Photo credit - Thar Gan's FB account
Photo credit - Thar Gan's FB account

Photo credit - Thar Gan's FB account

Source - Thar Gan's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။