ပရိတ်သတ်ကြီးရေ....မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ အနုပညာလောကထဲကိုမော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အနုပညာအလုပ်တွေမလုပ်ခင်အချိန်တည်းက MUFLရဲ့ queenလေးတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေအားပေးမှုရရှိထားတာပါ။ နော်ဖောဟာ ကြော်ငြာတွေ၊music videoတွေအပြင် ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။


Photo Credit-Naw Phaw Eh Htar's Facebook acc
Photo Credit-Naw Phaw Eh Htar's Facebook acc

နော်ဖောအယ်ထားဟာ တက်သစ်စအနုပညာရှင်များထဲတွင် ပရိတ်သတ်‌အားပေးချစ်ခင်မှုရရှိထားတဲ့ မော်ဒယ်မင်းသမီးချောလေး တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ သူမဟာ ပျောက်ဆုံးနေသောအမှန်တရားဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း သုဒြာအဖြစ်ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့ပြင်နော်ဖောဟာ သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ပါးပါးနေထိုင်တတ်သူလေးဖြစ်ပြီး အနုပညာရှင်အချင်းချင်းကလည်းချစ်ကြတဲ့သူလေးပါနော်။


Photo Credit-Naw Phaw Eh Htar's Facebook acc
Photo Credit-Naw Phaw Eh Htar's Facebook acc

နော်ဖောအယ်ထားဟာ မကြာခင်အချိန်တွေတုံးက ကျန်းမာရေးမကောင်းဖြစ်နေတာကြောင့် အနားယူနေတာဖြစ်ပါတယ်။ ပရိတ်သတ်တွေကလည်း နော်ဖောလေးအတွက်စိတ်ပူနေကြတာပါနော်။ မကြာသေးခင်အချိန်တုန်းကတော့ နော်ဖောဟာ သူမရဲ့Facebookစာမျက်နှာတွင် "ခရီးသွားချင်လို့" ဆိုတဲ့ captionလေးနဲ့ မေမေရိုက်ပေးထားတဲ့ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit-Naw Phaw Eh Htar's Facebook acc
Photo Credit-Naw Phaw Eh Htar's Facebook acc

Source-Naw Phaw Eh Htar's Facebook acc

Photo Credit-Naw Phaw Eh Htar's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။