ဂီတလောကရဲ့ငွေကြယ်ပွင့်တွေလို့တောင် ဆိုနိုင်တဲ့ အဆိုတော် ဇော်ပိုင်နဲ့ အဆိုတော် R ဇာနည်တို့နှစ်ယောက်ကတော့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ရပ်တည်အောင်မြင်နေကြတာပဲ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်က ပရိသတ်တွေအတွက် သီချင်းကောင်းကောင်းလေးတွေကို ဖန်တီးသီဆိုလေ့ရှိကြသလို သူတို့ရဲ့သီချင်းတွေကလည်း ပရိသတ်တွေကြားမှာ အမြဲတမ်းရေပန်းစားနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့နှစ်ယောက်က လူကြီးလူငယ်ပရိသတ်မရွေး နှစ်ခြိုက်အားပေးခြင်းခံရတဲ့ အဆိုတော်နှစ်ဦးဆိုရင်လည်း မမှားပါဘူးနော် ။

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

ဇော်ပိုင်အနေနဲ့ကလည်း ချစ်စရာကောင်းတဲ့သားချောလေးရယ် ချစ်ဇနီးလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားသလို R ဇာနည်ကလည်း ချစ်ရတဲ့သားလေးနှစ်ယောက်အပြင် သမီးလေးတစ်ယောက်ကိုပါ ထပ်မံပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို ရင်းနှီးကြတဲ့ ဇော်ပိုင်နဲ့ R ဇာနည်တို့က အခုလည်း မိသားစုလိုက်အတူဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ဇော်ပိုင်က R ဇာနည်တို့မိသားစုလေးနဲ့အတူ ပျော်ရွှင်နေတဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

ဇော်ပိုင်ရဲ့သား ရွှေပိုင်လေးကတော့ ချစ်ချစ်တုန်တို့ညီအစ်ကိုနဲ့အတူ ကစားရတဲ့အပြင် ချစ်စရာကောင်းတဲ့ညီမလေးကိုပါ တွေ့ရလို့ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ဇော်ပိုင်က "ချစ်စရာသမီးလေးနှင့် ဖေဖေမေမေ ကိုကိုများ ဒေါ်ဒေါ်များနှင့်ဦးဦးများ" ဆိုပြီး မိသားစုနှစ်ခု အတူဆုံတွေ့နေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ လူကြီးတွေသာမက ကလေးတွေကပါ ချစ်ချစ်ခင်ခင်ရှိပြီး ပျော်ရွှင်နေကြတဲ့ ဇော်ပိုင်တို့မိသားစုနဲ့ R ဇာနည်တို့မိသားစုတို့ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Zaw Paing's FB Acc

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။