ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပြီး နှစ်ယောက်လုံးစိတ်တူကိုယ်တူနဲ့အလုပ်ကြိုးစားကြပါတယ်နော်။ရွှေမှုံလေးကတော့ မကြာသေးခင်ကမှ အသက်(၂၂)နှစ်ပြည့်သွားတာဖြစ်ပြီး လူကြီးလေးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်လာတာကို ပရိသတ်ကြီးလည်း တွေ့နေရမှာဖြစ်ပါတယ်။

Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account

ရွှေထူးကတော့ သူ့ထက်အသက်အများကြီးငယ်တဲ့ ချစ်ဇနီးလေးကို ကလေးလေးတစ်ယောက်လိုမျိုး ကြင်နာယုယပေးပြီးချစ်ပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါနော်။ရွှေမှုံလေးကလည်း ချစ်ခင်ပွန်းရဲ့အလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးပြီး အကြံဉာဏ်တွေပေးတတ်လို့ ရှေ့သွားနောက်လိုက်ညီတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account

ရွှေမှုံလေးကတော့ ယောက်ျားရပြီးသွားတာတောင် လှပနေတုန်းပဲဖြစ်ပြီး တစ်နေ့တစ်ခြား ပိုပိုချစ်ဖို့ကောင်းလာပါတယ်နော်။အခုဆိုရင်လည်း ရွှေမှုံလေးက ချစ်ခင်ပွန်းရဲ့ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ပြီး ကလေးငယ်လေးတစ်ယောက်လို ချွဲနေတာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်နေကြတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account
Photo Credit:Shwe Mhone Yati's Facebook Account

Source &Photo Credit:Shwe Mhone Yati's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။