သရုပ်ဆောင် မင်းသမီးအဖြစ် လွန်ခဲ့သော ဆယ်စုနှစ်တွေကတည်းက လုပ်ဆောင်ခဲ့သူကတော့ စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ ပြည်ပနိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့အတူ နှစ်ပေါင်းအတော်ကြာနေထိုင်ကာ စီးပွားအတူရှာဖွေစုဆောင်းခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာကာ သမီးလေးတွေနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း စမိုင်းလ်ရဲ့ မိသားစုဘဝလေးကို ကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Amazing Grace Photography
Photo Crd- Amazing Grace Photography
Photo Crd- Amazing Grace Photography

စမိုင်းလ်ဟာ အလှူအတန်းတွေ မကြာခဏ ပြုလုပ်ရတာကို ဝါသနာပါလွန်းသူတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကလည်း သူမရဲ့ မွေးနေ့လေးမှာ အလှူလေးတွေ များစွာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘုရားကျောင်းကန်များသို့လည်း ငွေပေါင်းများစွာ အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းထားတာလည်း ဒုနဲ့ဒေးပါပဲနော်။ မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Amazing Grace Photography
Photo Crd- Amazing Grace Photography
Photo Crd- Amazing Grace Photography

ဒါကတော့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေရန် အလို့ဌာ အေးချမ်းတဲ့သာသနာ့ဘောင်သို့ ဝင်ရောက်သွားပြီဖြစ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ အရှင်ပညာဓိက နှင့် ဆရာလေးသီလဉာဏဆိုတဲ့ ဘွဲ့အမည်တွေနဲ့ ဝင်ရောက်ကာ ကုသိုလ်ယူနေတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Smile’s Facebook Page and Amazing Grace Photography

Photo Crd- Amazing Grace Photography
Photo Crd- Amazing Grace Photography
Photo Crd- Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။