တရုတ်နိုင်ငံအရှေ့ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းရဲ့ အပြင်ဘက်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပြီး အဆိုပါ ဗုံးကို ပြုလုပ်ခဲ့သူလို့ သံသယရှိသူဟာ အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သလို ကျန်းမာရေးချို့ယွင်းနေသူဖြစ်ကာ မူလတန်းကျောင်းအနီးမှာ အိမ်ငှားရမ်းနေထိုင်ဖြစ်ကြောင်းနဲ့ ဗုံးဖောက်ခွဲသူဟာ ပေါက်ကွဲမှုအတွင်း သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားကြောင်း Sputnik International မှာဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်ဗုံးဖောက်ခွဲသူဟာ နှလုံးနဲ့ သွေးပေါင်ချိန် ပြသနာရှိပြီး ဦးနှောက်အာရုံကြောဆိုင်ရာ ကျန်းမာရေးချို့ယွင်းနေသူဖြစ်သလို ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဗုံးပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ နံရံပေါ်မှာလည်း သေဆုံးမှု၊ သေမင်း၊ ဖျက်စီးခြင်း စတဲ့ စကားလုံးတွေကို ရေးသားထားတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ အဆိုပါဖြစ်စဉ်နဲ့စပ်လျှဉ်းပြီးပညာရေးဝန်ကြီးဌာနကတော့ နို်င်ငံတစ်ဝှမ်းက ကျောင်းတွေနဲ့ ပညာရေးဌာနတွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဘေးအန္တရာယ်ကင်းရှင်းကြောင်း စစ်ဆေးမှုတွေလုပ်ဆောင်ဖို့အမိန့်ထုတ်ပြန်ထားပြန်ထားပါတယ်။
Aung
သတင်းအရင်းမြစ် Sputnik International
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။