မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ယောက်ျားလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ် ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတဲ့ သင်ဇာက သူမတူတဲ့ဖက်ရှင်တွေနဲ့ လှနေတတ်တာလည်း ဖြစ်ပါတယ် ။ ကြော်ငြာတွေမနားတမ်း ရိုက်ကူးနေရတဲ့ သင်ဇာကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လို့နေတာ ဖြစ်ပါတယ် ။

Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Min Sat Kyaw's FB Acc

လတ်တလောမှာတော့ သင်ဇာက GYM ပုံမှန်သွားကာ လေ့ကျင့်ခန်းတွေအပီအပြင်လုပ်နေတာ ဖြစ်ပါတယ် ။ အားကစားလိုက်စားတဲ့ သင်ဇာက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မောင်လေးဖြစ်သူရဲ့လက်ဝှေ့ပွဲကို ကိုယ်တိုင် သွားရောက်အားပေးခဲ့တာ ဖြစ်ပါတယ် ။ သင်ဇာက ချစ်မောင်လေးကို ဝန်းရံအားပေးခဲ့ပြီး ရှုံးသွားလည်း စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားဖို့ စိတ်ခွန်အားပေးခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc

သင်ဇာက "အနိုင် နဲ့ အရှုံး နှစ်မျိုးပဲရှိတယ် ... ယှဉ်ပြိုင်ချင်းသာအဓိကပါ ... ရှုံးသွားလည်း စိတ်ဓာတ်မကျပါနဲ့ ဆက်ကြိုးစားပါ ... ပထမဦးဆုံး အတွေ့အကြုံဆို​တော့လည်း ဒီလောက်တော့ရှိမှာပေါ့ ... အတွေ့အကြုံကနေသင်ခန်းစာယူနိုင်ပါစေ ငါ့မောင်လေး ...Whatever u did a great job, keep fighting !! Always support u"ဆိုပြီး မောင်လေးကို အားပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်တို့မောင်နှမနှစ်ယောက်ရဲ့ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Thinzar Wint Kyaw's FB Acc

Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။