ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် ကိုပေါက်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာရပ်တည်နေပြီး အောင်မြင်မှုများစွာရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ ကိုပေါက်က သရုပ်ဆောင်အပြင် ကဗျာရေး ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူလည်းဖြစ်ပါတယ်။ သူရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးလျက်ရှိနေပြီး ပရိသတ်တွေကလည်း စောင့်မျှေ်ာအားပေးနေကြတာလည်းဖြစ်ပါတယ်.........။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

အနုပညာလှုပ်ရှားမှုတွေအပြင် သူအားလပ်တဲ့ အချိန်လေးတွေမှာ ဟာသ ဗီဒီယိုလေးတွေနဲ့ Tiktokဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိနေတဲ့ ကိုပေါက်က ယနေ့မှာလည်း လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ ကိုပေါက်က သတင်းတင်ဆက်သူ အဖြစ်သရုပ်ဆောင်ကာ အနုပညာရှင် ညီအစ်ကိုတွေဖြစ်ကြတဲ့ ညီထွဋ်ခေါင်နဲ့ ထူးအောင်တို့ နှစ်ယောက်ကို စနောက်လိုက်တာပဲဖြစ်ပါတယ်......။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က သူတို့ နှစ်ဦးကို စနောက်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်လေးအပြင် " စာဖတ်တာ ခဏခဏမှားနေတဲ့သတင်းကြော်ငြာသူ ကျမ တသိမ့်သိမ့်တုန်ဆင်း တော်သေးတာပေါ့ အလုပ်မပြုတ်လို့။ Sorryနော် ညီထွဠ်ခေါင်၊ထူးအောင် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါသေးတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေ ကိုပေါက်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုပြီး တစ်နေတာရဲ့ အမောတွေပြေပျောက်စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.......။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

Photo credit - Aung Min Naing's FB account

Source - Aung Min Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။