ပရိသတ်ကြီးရေ ရုပ်ရှင်မင်းသားကြီး ကျော်သူကတော့ အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး ပရဟိတအလုပ်တွေကိုသာ စွမ်းစွမ်းတမံဆောင်ရွက်နေတာဖြစ်ပါတယ်။ကျော်သူရဲ့စိတ်နေစိတ်ထားနဲ့ လူအများအပေါ်ကူညီတတ်ပုံလေးတွေကိုလည်း ပရိသတ်တွေကလေးစားနေကြတာဖြစ်ပါတယ်နော်။ကျော်သူကတော့ သက်ရှိထင်ရှားရှိနေသေးတဲ့ မိခင်၊ဖခင်တို့အပေါ်မှာလည်း သားလိမ္မာတစ်ယောက်အနေနဲ့ ပြုစုစောင့်ရှောက်ပေးတာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ ဦးကျော်သူရဲ့မေမေဒေါ်မြသန်းရဲ့(၈၃)နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

"အမေ့မွေးနေ့ 7 July ကောင်းမှုတော်"

ဇူလိုင်လ(၇)ရက်နေ့ သည်ကျွန်တော်၏ကျေးဇူးရှင်မိခင်ဒေါ်မြသန်း၏ အသက်(၈၃)နှစ်ပြည့်မွေးနေ့ဖြစ်သည်။ယနေ့နံနက်(၅:၀၀)တွင် အမေ့အိမ်၌ ဆရာတော် သံဃာတော်မြတ်ငါးပါးအားပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ရာ ကျွန်တော့်အိမ်တွင် ကိုးကွယ်ဆည်းကပ် သီတင်းသုံးရန် မန္တလေးမြို့မှ ကြွရောက်လာသော ကျွန်တော်အားချစ်ခင်ကြသော ကမ္ဘာအရပ်ရပ်နှင့်မြန်မာပြည်ဒေသအသီးသီးတို့မှ(၇)ရက်သားသမီးအပေါင်း ပေးခဲ့သည် သင်းပျံ့မွှေးကြိုင်လှသည့်ရောင်စုံပန်းစည်းများ၊ပန်းကုန်းများအား လွန်ခဲ့သည့်(၅)နှစ်ခန့်ကတည်းက နေလှမ်းအခြောက်ခံကာ ဌာပနာထည့်သွင်းလိုက်သည့် "အလိုတော်ပြည့်ဗုဒ္ဓဆင်းတုတော်"အား မိခင် မွေးနေ့အမှတ်တရအဖြစ် ဖခင် မိခင်တို့အားလှူဒါန်းပူဇော်လိုက်ပါသည်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

"ဘုရား အနေကဇာတင်ရှိခြင်း၊သရဏဂုံဆောက်တည်ခြင်း၊ငါးပါးသီလစောင့်ထိန်းခြင်း၊မေတ္တာပို့သခြင်း၊ရေစက်ချအမျှပေးဝေခြင်း၊ဝတ္ထုငွေဆက်ကပ်ခြင်း၊ဆွမ်းဆက်ကပ်ခြင်းများကို ဖခင် မိခင်၊ဇနီးရွှေဇီးကွက်နှင့်အိမ်သားများဖြင့်အတူ ပေါင်းစု၍ ကောင်းမှုအစုစုကိုပြုလုပ်ခဲ့ပါသည်။အားလုံးကုသိုလ် အမျှ အမျှ အမျှယူတော်မူကြပါကုန်။သာဓု သာဓု သာဓုပါ ခင်ဗျာ။ကမ္ဘာပေါ်က မိခင် ဖခင်အားလုံး သက်ရှည်ကျန်းမာချမ်းသာသောကကင်းဝေး ငြိမ်းချမ်းကြပါစေ...."ဆိုပြီး ဦးကျော်သူက မေမေ့ရဲ့မွေးနေ့အမှတ်တရပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

Source&Photo Credit:Kyaw Thu's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။