ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်သဇင် ကတော့ အနုပညာလောကထဲမှာ အချိန်အတိုတွင်း နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ခင်သဇင် ဟာဆိုရင် ပုရိသတွေ သဘောကျလောက်တဲ့ ကျစ်လျစ်သွယ်လျတဲ့ သေးသေးသွယ်သွယ် body လေးတွေနဲ့ ဆွဲဆောင်မှုရှိကာ လှပချောမောနေတဲ့ သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုတွေ့ရပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ခင်သဇင် ကတော့ အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း ကိုယ်ကျိုးမငဲ့ပဲ လုပ်ကိုင်ပေးတက်တဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ပရိသတ်တွေ အထူးအားပေးခဲ့ရတဲ့ " အချစ်ဖွဲလေညင်း " ရုပ်သံဇာတ်လမ်းလေးထဲမှာလည်း ခင်သဇင်ဟာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားခဲ့တာကိုလည်း တွေ့ရပါတယ် ။ သူမကတော့ အပန်းဖြေခရီးတွေကိုလည်း ခဏခဏသွားလေ့ရှိတဲ့ အပြင် သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကို ပရိသတ်တွေ အမြဲဖော်ပြပေးလေ့ရှိပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ယခုတစ်ခါမှာလည်း မင်းသမီးချောလေး ခင်သဇင် ကတော့ အရင်အပန်းဖြေသွားခဲ့တဲ့ ခရီးတစ်ခုရဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို ဝတ်ပြီး လိုက်ဖက်တဲ့ နေကာမျက်မှန်လေးကို တပ်ကာ ဟန်ဆောင်မှုကင်းတဲ့ အမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ခင်သဇင် က " ချစ်မိတဲ့ တောင်တန်းတွေ နဲ့ လွမ်းမိတဲ့ နေရာလေး တချို့ ရိုးရှင်းတဲ့ ဘဝလေးကိုပဲ အမြဲလိုချင်ပါတယ်" ဆိုပြီး ရေးသားထားပါသေးတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

Photo Credit - Khin Thazin

Source - Khin Thazin's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။