ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ ခေးဆက်သွင်က Mrtv-4ဇာတ်လမ်းတွဲတွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ကာ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲအချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်......။

Photo credit - Khay Sett Thwin's FB account
Photo credit - Khay Sett Thwin's FB account

ခေးဆက်သွင်က ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ ခေးဆက်သွင်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး သူမရဲ့ အားလပ်တဲ့ အချိန်လေးတွေမှာ ချစ်ရတဲ့ ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် Tiktokဗီဒီယိုလေးတွေနဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို မျှဝေပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်.......။

Photo credit - Khay Sett Thwin's FB account
Photo credit - Khay Sett Thwin's FB account
Photo credit - Khay Sett Thwin's FB account

မင်းသမီးချောလေး ခေးဆက်သွင်က ယခုမှာလည်း သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ ခေးက ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေအပြင် " ခရီးသွားနေတယ် စိတ်ချမယ် လိမ်လိမ်မာမာနေခဲ့ကြနော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ မင်းသမီးချောလေး ခေးဆက်သွင်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုမိနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.......။

Photo credit - Khay Sett Thwin's FB account
Photo credit - Khay Sett Thwin's FB account
Photo credit - Khay Sett Thwin's FB account

Photo credit - Khay Sett Thwin's FB account

Source - Khay Sett Thwin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။