ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေေးတွကြောင့် ပရိသတ်တွေအချစ်ပိုနေကြရသူလေးကတော့ အဆိုတော်မလေး ဝိုင်းလေးပဲ ဖြစ်ပါတယ်နော်..။

အလှမယ်တစ်ဦးဖြစ်သလို အိမ်မက်ဆုံရာကနေ ပရိသတ်တွေရဲ့ တခဲနက်အချစ်တွေကို ရရှိထားတဲ့ ဝိုင်းလေးကတော့ အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်အဖြစ် လျှောက်လှမ်းရပ်တည်နေပြီ ဖြစ်ပါတယ်နော်..။

Photo Credit - Wint Yee Shunn's Fb Account
Photo Credit - Wint Yee Shunn's Fb Account

သီချင်းကောင်းလေးတွေအမြဲဖန်တီးတတ်တဲ့ အချစ်တော်လေး သူမကတော့ ချစ်စရာအပြုံးလှလှလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြီး သူငယ်ချင်းဖြစ်သူ ခင်ဝင့်ဝါနဲ့အတူ ဂိမ်းကစားဖြစ်တဲ့အကြောင်းလေးကိုလည်း ပြောပြလာပါတယ်..။

သူငယ်ချင်းတွေ တွေ့ဖြစ်တာကို အွန်လိုင်းမတင်ဖြစ်တော့ပေမယ့် အမြဲတွေ့ဖြစ်နေပြီး သီချင်းတင်ပြီး တစ်နာရီ နှစ်နာရီအတွင်းသာ Comment လေးတွေကို ကြည့်ဖြစ်ပြီး နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာကို သိပ်မသုံးဖြစ်တဲ့အကြောင်းလေးတွေကိုလည်း ဝိုင်းလေးက ပြောပြထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Wint Yee Shunn's Fb Account
Photo Credit - Wint Yee Shunn's Fb Account

“ဝိုင်းလေးတို့က PUBG ဆော့တယ် ခင်ဝင့်ဝါနဲ့ဆို ညတိုင်းနေတိုင်း ဂိမ်းထဲမှာပဲ စကားပြောတယ် ဂိမ်းဆော့တယ် ပြီးရင် ပြီးသွားပြီး ဆိုရှယ်မီဒီယာမှာ မတင်ဖြစ်တော့တာ ကိုယ်တွေသူငယ်ချင်းတွေ့တာ ကိုယ်တွေအကြောင်း ကိုယ်တွေပဲ သိတာဆိုတော့ ဟိုနေရာရောက်လည်းတင် ဒီနေရာရောက်လည်းတင်ဆိုတော့ အရင်ဆို ပရိသတ်တွေက ပေးတောင်းပေးစားကြတာလေ အခုနောက်ပိုင်း ရောဂါတွေဖြစ်နေတော့ တွေ့တာရှားပေမယ့် အမြဲတမ်းလိုလိုတော့ တွေ့ဖြစ်ပါတယ် ဂိမ်းဆော့တာက ဝါသနာပါလို့ မဟုတ်ပါဘူး ပျော်လို့ပါ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ပစ်ရတာ ပျော်စရာကြီး..” ဆိုပြီး ဂိမ်းတွေ ဆော့ဖြစ်နေတဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။

ချစ်စရာကောင်းတဲ့ ပရိသတ်တွေရဲ့အသည်းကျော် ဝိုင်းလေး ပြောပြထားတဲ့ သူငယ်ချင်းတွေနဲ့အတူ ဂိမ်းဆော့တဲ့ အကြောင်း ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Wint Yee Shunn's Fb Account
Photo Credit - Wint Yee Shunn's Fb Account

Photo Credit - Wint Yee Shunn's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။