ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေအနေနဲ့ ကျောင်းရှိငွေစာရင်းတွေကို ထုတ်ဖော်ကြေညာရမယ့် ဥပေဒတစ်ရပ်ကို ထိုင်းအစိုးရအနေနဲ့ ပြဌာန်းသွားမယ်လို့ ထိုင်းသာသနာရေးဌာနကဆိုကြောင်း Channel NewsAsia သတင်းမှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေဟာ နှစ်တိုင်း အလှူငွေ ဘီလီယံချီရရှိနေကြောင်းနဲ့ အဆိုပါလှူဒါန်းမှုတွေက ရရှိတဲ့ ပိုက်ဆံအရေအတွက်များပြားမှုက ဘုန်းကြီးကျောင်းတွေအနေနဲ့ စာရိတ္တယိုယွင်းရာကနေတစ်ဆင့် လူသတ်မှုအပါအဝင် လိင်မှုကိစ္စနဲ့ မူးယစ်ဆေးဝါးရှုပ်ထွေးမှုနဲ့တခြား ငွေကြေး ပြသာနတွေ ပေါ်ပေါက်နေတယ်လို့ ထိုင်းသာသနာရေး ဌာန အကြီးအကဲကဆိုပါတယ်။

ဒါကြောင့် ထိုင်းဘုန်းကြီးကျောင်းတွေအနေနဲ့ အာဏာပိုင်တွေဆီ ကျောင်းပိုင်ငွေစာရင်ကို တင်ပြရမယ့် ဥပေဒတစ်ရပ်ပြဌာန်းဖို့ အစိုးရအဖွဲ့ကို အရေးဆိုသွားမည်ဖြစ်ကြောင်းထိုုင်းသာသနာရေးဌာန အကြီးအကဲက ဆိုပါတယ်။ ထိုင်းနိုင်ငံရှိဓမ္မကာယကျောင်းက အရင် ကျောင်းထိုင်ဘုန်းကြီးရဲ့ငွေကြေးခဝါချမူနဲ့ ပတ်သက်ပြီး ကျောင်းဝင်းအတွင်း စီနင်းရှာဖွေမူတွေ ကို သုံးပတ်ကြာတိုင် အာခံခဲ့ပြီးနောက်ပိုင်း ထိုင်းအာဏာပို်င်တွေက ဗုဒ္ဒဘာသာအပေါ် ပိုမိုထိန်းချုပ်ဖို့ အခုလို ဥပဒေပြဉာန်းပြီးကြိုးပမ်းလာနေခြင်းဖြစ်ပါတယ်။

Aung

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။