ပရိသတ်ကြီးရေ လူရွှင်တော်သရုပ်ဆောင် ဦးမန်းဝင်းကတော့ အနုပညာလောကမှာ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲသူပဲဖြစ်ပါတယ်။ ဦးမန်းဝင်း ကတော့ ရယ်စရာဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကို အပျော်လေးတွေဖန်တီးကာ ရယ်မောပျော်ရွှင်စေတဲ့အပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ ယနေ့အချိန်မှာတော့ ဦးမန်းဝင်း က အသက်အရွယ်ရလာတာကြောင့် အနုပညာအလုပ်တွေကို အရင်ကထပ် မလုပ်ကိုင်နိုင်တော့ပါဘူးနော်။

Photo Credit - Chan Thar Mann Win
Photo Credit - Chan Thar Mann Win

ဦးမန်းဝင်း ဟာဆိုရင် ပြီးခဲ့တဲ့လပိုင်းလောက်က ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှုတွေပြုလုပ်ခဲ့ရပြီး ကျန်းမာရေးအခြေအနေကတော့ ရက်ပိုင်းလောက် သတိမရခဲ့ကာ ဆိုးဝါးခဲ့တာမို့ မိသားစုတွေနဲ့ အတူ ပရိသတ်တွေကပါ စိုးရိမ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဦးမန်းဝင်းဟာ ကျန်းမာရေးအတော်လေးကို ပြန်လည်ကောင်းမွန်လာကာ ထိုင်နိုင်နေပြီ ဖြစ်ပါတယ်။ဦးမန်းဝင်း ကတော့ အရင်ကထပ် ကျန်းမာရေ ပိုမိုကောင်းမွန်လာပြီး ချစ်ရတဲ့ မိသားစုတွေကလည်း ပျော်ရွှင်စိတ်ချမ်းနေရတာကိုလည်း တွေ့ရပါတယ်နော်..။

Photo Credit - Chan Thar Mann Win
Photo Credit - Chan Thar Mann Win

ယခုမှာဆိုရင်လည်း ဦးမန်းဝင်းကို သားဖြစ်တဲ့ ချမ်းသာမန်းဝင်းကတော့ ကိုယ်မကွာ ကိုယ်ဖိရင်ဖာ ပြုစုစောင့်ရှောက်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်နော်..။ ဒီပုံလေးတွေထဲမှာတော့ ဦးမန်းဝင်းဟာ ကျန်းကျန်းမာမာ ရှိနေပြီး သားဖြစ်သူ ချမ်းသားမန်းဝင်းကတော့ " ပြုစုခွင့်ရလို့ ကျေးဇူးပါဖေကြီးရေသားမပင်ပန်းပါဘူး" ဆိုပြီး ကျေးဇူးတင်စကားလေး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဦးမန်းဝင်း ကို ကျန်းမာရေး မြန်မြန်ကောင်းမွန်လာအောင် ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်..။

Photo Credit - Chan Thar Mann Win

Source -Chan Thar Mann Win 's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။