အရပ်သား(၁)သိန်းခွဲအထိ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မိုဆူးလ်မြို့မှာ ပိတ်မိနေတယ်လို့ ယူဆကြောင်း ကုလသမဂ္ဂကထုန်ပြန်မှုကို Washington Post မှာဖော်ပြထားပါတယ်။

IS စစ်သွေးကြွတွေဟာ ပိတ်မိနေတဲ့အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးချလိုတဲ့အပြင် မြို့ထဲက ထွက်ပြေးဖို့ ကြိုးစားသူတွေကိုတော့ သေနတ်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ကြတယ်လို့ ကုလသမဂ္ဂရဲ့ အီရတ်နိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Lise Grande ကဆိုပါတယ်။  

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကတည်းက အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အီရတ်တပ်ဖွဲ့ဟာ မိုဆူးလ်မြို့အတွင်းရှိ IS စစ်သွေးကြွနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို လက်ရှိအချိန်မှာတော့ စစ်သွေးကြတွေကမြို့ထဲက နေရာအချို့ကိုသာ ထိန်းချုပ်ထားနိုင်ပါတယ်။

Aung

သတင်းအရင်းမြစ် Washington Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။