ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ စတင်အောင်မြင်လာခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ မနားတမ်းရိုက်ကူးလာရသူလေးကတော့ မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ ပန်းနုသွေးဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုအရယူခဲ့တဲ့ မေမြင့်မိုရ်က သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းပြည့်ဝသူလေးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မေမြင့်မိုရ်က ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် ရပ်တည်ပြီး ဇာတ်ကားတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit-May Myint Mo's FB Acc
Photo Credit-May Myint Mo's FB Acc
Photo Credit-May Myint Mo's FB Acc

မေမြင့်မိုရ်က ရုပ်ရည်လေးက ချောမောလှပသလို အပြုံးလေးတွေကလည်း ဖြူစင်ပြီး စကားပြောလိုက်တိုင်းမှာ ကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ရိုးရိုးအေးအေးပုံစံလေးနဲ့ အရမ်းကိုလိုက်ဖက်လွန်းတဲ့ မေမြင့်မိုရ်က အနေအထိုင် ယဉ်ကျေးသိမ်မွေ့သူလေးလည်း ဖြစ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ရင်လည်း ဘုရားတရားကိုင်းရှိုင်းတဲ့ မေမြင့်မိုရ်က အခုလည်း မဟာမြိုင်သဲဖြူတောရဆရာတော်ဘုရားကြီး ရိုရိုသေသေဖူးမြော်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-May Myint Mo's FB Acc
Photo Credit-May Myint Mo's FB Acc
Photo Credit-May Myint Mo's FB Acc

မေမြင့်မိုရ်က ကြည်ညိုလေးစားချင်စရာကောင်းတဲ့ မဟာမြိုင်သဲဖြူတောရဆရာတော်ဘုရားကြီးကို သူမကိုယ်တိုင်ယပ်ခတ်ပေးရင်း ဖူးမြော်နေတာ ဖြစ်ပါတယ်။ ဘုရားတရားပုံမှန်လုပ်ပြီး တတ်နိုင်သလောက် အလှူအတန်းတွေလည်းပြုလေ့ရှိတဲ့ မေလေးကတော့ ဆရာတော်ဘုရားကြီးကို အနီးကပ်ဖူးမြော်ခွင့်ရလို့ ပီတိဖြစ်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-May Myint Mo's IG Acc

Photo Credit-May Myint Mo's FB Acc
Photo Credit-May Myint Mo's FB Acc
Photo Credit-May Myint Mo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။