ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နှစ်အနည်းငယ်အတွင်းမှာပဲ အနုပညာလောကမှာ နေရာတစ်နေရာရရှိလာခဲ့တာဖြစ်ပါတယ်။သူမရဲ့ဖြူစင်တဲ့အပြုံးလေးတွေ ပွင့်လင်းဖော်ရွေတဲ့အပြောအဆိုလေးတွေကလည်း ပရိသတ်တွေရဲ့ရင်ကိုထိမှန်သွားလို့ ဖြူဖြူထွေးကို တစ်ခဲနက်အားပေးလာကြတာဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသလို ကြော်ငြာတွေအများအပြားကိုလည်း လက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးက သူမကိုယ်တိုင်ကြိုးစားရှာဖွေတဲ့ ဝင်ငွေနဲ့ မိဘတွေကိုလည်း လိုလေသေးမရှိအောင်ထားပေးသလို အလှူအတန်းဆိုလည်း မကြာခဏလုပ်ဆောင်တဲ့သူပါနော်။ဖြူဖြူထွေးက အခုလတ်တလောမှာဆိုရင် အနုပညာအလုပ်တွေရှားပါးနေတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကို ခေါ်ပြီး ကြော်ငြာအတူတူရိုက်ကြတာဖြစ်ပါတယ်။ဖြူဖြူထွေးက ကြီးသူကိုရိုသေတတ်သူဖြစ်လို့ ဆန်၊ဆီ၊ငွေကြေးတို့နဲ့လည်း တတ်နိုင်သလောက် ကန်တော့လိုက်သေးတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးက အခုနောက်ပိုင်းမှာဆိုရင် အရင်ကထက်ပိုမိုလှပလာပြီး ပြင်တတ်ဆင်တတ်လာတာကို ပရိသတ်ကြီးလည်း တွေ့မြင်နေရမှာပါနော်။လူငယ်ပီပီ ပေါ့ပါးလွတ်လပ်စွာနေထိုင်တတ်ပြီး အမြဲချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးက အခုဆိုရင်တော့ အရုပ်လေးတွေအများကြီးနဲ့ ချစ်စရာအိပ်ရာလေးပေါ်မှာ ကလေးလေးတစ်ယောက်လို အိပ်မောကျနေတာဖြစ်ပါတယ်။ဖြူဖြူထွေးရဲ့ အိပ်ခန်းလေးက သပ်ရပ်သန့်ရှင်းပြီး ချစ်စရာကောင်းလွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook Account
Photo Credit:Phyu Phyu Htwe's Facebook My day
Photo Credit:Phyu Phyu Htwe's Facebook My day

Source&Photo Credit:Phyu Phyu Htwe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။