ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာ အတော်ကြာပြီဖြစ်ပြီး အောင်မြင်မှုများစွာရရှိထားတဲ့သူလည်းဖြစ်ပါတယ်။ ဘေဘီမောင်က မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်.။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေတာပါနော်.......။

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

ဘေဘီမောင်က ကျစ်လစ်လှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး မြင်သူငေးရလောက်တဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းစွဲအားပေးချစ်ခင်ရတဲ့ သူလေးပဲဖြစ်ပါတယ်။ ဘေဘီက အနုပညာလောကမှာ အောင်မြင်ရုံသာမကပဲ အချစ်ရေးမှာလည်း အများကအားကျရလောက်အောင် အဆိုတော် သားဂန်းနဲ့အတူ တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ ဘေဘီက ယခုမှာတော့ ပြင်ဦးလွင်မြို့ကို အလုပ်ကိစ္စလေးနဲ့ ရောက်ရှိနေပြီး ချစ်သူသားဂန်းလဲ ရောက်ရှိနေတာပဲဖြစ်ပါတယ်......။ 

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

ယနေ့မှာတော့ ဘေဘီက ရူတင်မစခင်လေး ညအိပ်ဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ လှနေပြီး " မောနီး စောစောစီးစီးရူတင်ရောက်ပါပီလို့ ညဝတ်စုံလေးနဲ့ရိုက်မှာမို့လို့နော် တစ်ခါတည်းလဲထားတာပါ ရိုက်ရန်အသင့် ဝါးအိပ်ငိုက်တာ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ....ချစ်ရတဲ့ ပရိသတ်တွေ မင်းသမီးချောလေး ဘေဘီမောင်ရဲ့ ပုံလေးတွေကို ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

Photo credit - Baby Maung's FB account

Souerce  - Baby Maung's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။