ပရိတ်သတ်ကြီးရေ....တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ မိန်းကလေးပရိတ်သတ်အများစုရဲ့ အားပေးနှစ်သက်မှုကိုအပြည့်အ၀ရရှိထားတဲ့ Mrtv-4ရဲ့မင်းသားချောများထဲတွင် ကျော်ထက်ဇော်လည်းအပါအ၀င်ဖြစ်ပါတယ်နော်။ သူဟာ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်ကိုအပီအပြင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်ယောက်ဆိုလည်းမမှားပါဘူး။

Photo credit-Kyaw Htet Zaw's Facebook acc
Photo credit-Kyaw Htet Zaw's Facebook acc

ကျော်ထက်ဇော်ဟာ အမုန်းမှသည်ဇာတ်လမ်းတွဲနဲ့ပရိတ်သတ်တွေစတင်အားပေးမှုရရှိလာခဲ့တာဖြစ်ပြီး မကြာခင်ကပြသပြီးခဲ့တဲ့ အချစ်ဖွဲ့လေညင်းရုပ်သံဇာတ်လမ်းတွဲမှာလည်း နှစ်ကိုယ်ခွဲအနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိတ်သတ်ချစ်ခင်အားပေးမှုရရှိခဲ့တာပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်ဟာ အလှူဒါနတွေလည်း မကြာခဏလုပ်တတ်သူဖြစ်ပြီး မကြာသေးခင်ကလည်း ခိုင်နှင်းဝေရဲ့မိဘမဲ့ဂေဟာမှာလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo credit-Kyaw Htet Zaw's Facebook acc
Photo credit-Kyaw Htet Zaw's Facebook acc

ကျော်ထက်ဇော်ဟာ အခုလက်ရှိမှာဆိုရင် ကြော်ငြာတွေ၊ photo shootingတွေကို အဆက်မပြတ်ရိုက်ကူးနေရတာပါ။ မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာတွင် "ရာဇဝင်မှာ စာတင်အောင် လည်းမင်းကိုချစ်ခဲ့မိတယ် ...ကိုယ်ကမင်းကြီးဆို မင်းက မိဖုရားပဲ" ဆိုတဲ့ captionလေးနဲ့ တော်၀င်မင်းသားလေးတစ်ပါးလိုရိုက်ကူးထားတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Htet Zaw's Facebook acc
Photo credit-Kyaw Htet Zaw's Facebook acc

Source-Kyaw Htet Zaw's Facebook acc

Photo credit-Kyaw Htet Zaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။