ပြီးခဲ့တဲ့လက ဆီးရီးယားနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင်တွေကို ထိမှန်ခဲ့ကြောင်းနဲ့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ IS ခေါင်းဆောင်တွေထဲမှာ IS အဖွဲ့အကြီးအကဲ အဘူ ဘာကာ အယ် ဘဂ္ဂဒက်ဒီ ပါဝင်မှု ရှိ၊မရှိ စုံစမ်းမှုတွေကို ရုရှားစစ်တပ်ဖွဲ့ကလုပ်ဆောင်နေတယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

အမေရိကန်ကလည်း ဘဂ္ဂဒက်ဒီ သေဆုံးမှု ရှိ၊မရှိ အတည်ပြုထုတ်ပြန်ထားခြင်း မရှိပါဘူး။ 

ရုရှားစစ်တပ်ရဲ့ ဆူခွိုင်းတိုက်လေယာဉ်တွေက ရက်ကာမြို့အနီးရှိ IS ခေါင်းဆောင်တွေ စုဝေးနေတယ်လို့ ယူဆတဲ့ နေရာတစ်နေရာကို မေလ (၂၈)ရက် ညအချိန်မှာ (၁၀)မိနစ်ကြာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ စစ်သွေးကြွအဖွဲ့ရဲ့အကြီးတန်း တိုက်ခိုက်ရေးသမားတွေ၊ ရာထူးအလယ်အလတ်ရှိတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ စစ်သွေးကြွ(၃၀၀)လောက် သေဆုံးခဲ့တယ်လို့ ရုရှားစစ်တပ်က ထုတ်ပြန်ထားကြောင်းသတင်းမှာ ဖော်ပြထားပါတယ်။

Aung 

သတင်းအရင်းမြစ် Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။