ပရိသတ်ကြီးရေ.. အမိုက်စား သီချင်းစာသားလန်းလန်းလေးတွေနဲ့ လူငယ်ပရိသတ်တွေကို အကြိုက်တွေ့ပြီး အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ အနုပညာရှင်မလေးကတော့ အဆိုတော်မလေး မိစန္ဒီပဲ ဖြစ်ပါတယ်နော်..။

ကိုယ်ပိုင်အရည်အချင်းတွေနဲ့ သီချင်းကောင်းလေးတွေ ဖန်တီးတတ်သလို သူမရဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်ပြီး အဆိုတော်ဖြိုးပြည့်စုံနဲ့ အတူ သီဆိုထားတဲ့ Go Away Corona ကတော့ လူကြီးလူငယ်မရွေး အားလုံးကို နှစ်သက်သဘောကျစေခဲ့ပါတယ်နော်..။


Photo Credit - Mi Sandi's Fb Page
Photo Credit - Mi Sandi's Fb Page

ပရိသတ်အချစ်တော်လေး မိစန္ဒီကတော့ ပရိသတ်ကြား အရမ်းကိုပေါက်ခဲ့တဲ့ Go Away Corona သီချင်းလေးဆိုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်စကားလေးနဲ့အတူ အမှတ်တရလေးတွေကို ပြောပြလာပါတယ်နော်..။

Go Away Corona သီချင်းလေးကို အသံသွင်းတဲ့အချိန်က တခြားနိုင်ငံတွေမှာ ကိုရိုနာစဖြစ်နေတဲ့အချိန်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကူးစက်လူနာ တစ်ယောက်မှတောင် မတွေ့သေးတဲ့အချိန်လည်းဖြစ်ကာ သီချင်းသွင်းပြီး နောက်နေ့တွေမှာ ရောဂါကြောင့် စတူဒီယိုတွေ ပိတ်လိုက်ရတဲ့ အမှတ်တရလေးတွေကို ပြောပြထားတာပါ..။


Photo Credit - Mi Sandi's Fb Page
Photo Credit - Mi Sandi's Fb Page

သီချင်းလေးနဲ့ ပတ်သက်ပြီး တော်တော်လေးအမှတ်တရဖြစ်သလို ပရိသတ်တွေလည်း ကြိုက်ကာ အရမ်းအားပေးကြပြီး နေရာတိုင်းမှာ ကြားရတဲ့အတွက် ဝမ်းသာသလို သီချင်လေးမှာ ပါင်ဆိုခွင့်ရပြီး ပရိသတ်တွေအတွက် အကျိုးပြုခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်စကားလေးလည်း ဆိုထားပါသေးတယ်နော်..။

ချစ်စရာကောင်းတဲ့ အဆိုတော်မလေး မိစန္ဒီ ပြောပြထားတဲ့ Go Away Corona သီချင်းလေးနဲ့ ပတ်သက်တဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Mi Sandi's Fb Page
Photo Credit - Mi Sandi's Fb Page

Photo Credit - Mi Sandi's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။