ပရိသတ်တွေရဲ့ အားပေးမှုတွေကို ယနေ့ချိန်ထိ ရရှိထားပြီး သရုပ်ဆောင်တဲ့နေရာမှာလည်း အပိုလိုမရှိကွက်တိကျအောင် သရုပ်ဆောင်နိုင်သူကတော့ ပြည်သူချစ် မင်းသမီးချော စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ သူမဟာ သားလေးမြတ်သောမောင်နဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို အတူဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ မရှိတော့ပင်မယ့်လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ လှုပ်ရှားမှုလေးတွေ အမြဲ ဝေမျှတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Soe Myat Nandar's Facebook Page
Photo Crd - Soe Myat Nandar's Facebook Page
Photo Crd - Soe Myat Nandar's Facebook Page

ဒါဒါဟာ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ကြော်ငြာနဲ့ ပိုစတာများတွင် သူမရဲ့ ပုံရိပ်လေးတွေသာ နေရာယူထားတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စီးပွားရေးအလုပ်တွေကိုသာ ဇောက်ချလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒါဒါကို ရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးစေချင်နေကြတာလည်း ဖြစ်ပါတယ်။ ဒါဒါဟာ တစ်ခါတစ်ရံ ပရိသတ်တွေကို Tik Tok လေးတွေ ဆော့ကာ ဝေမျှပေးတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd - Soe Myat Nandar's Facebook Page
Photo Crd - Soe Myat Nandar's Facebook Page
Photo Crd - Soe Myat Nandar's Tik Tok Account

အခုမှာလည်း သူမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နာမည်ကြီးသီချင်းလေးတစ်ပုဒ်ကို တူမလေးနဲ့အတူ သီဆိုသရုပ်ဆောင်ကာ Tik Tok ဆော့ကစားထားတဲ့ စိုးမြတ်နန္ဒာရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ဒါဒါရဲ့ မျက်နှာလေးကလည်း မိတ်ကပ်မလိမ်းထားဘဲနဲ့တောင် ဝင်းပကြည်လင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် စိုးမြတ်နန္ဒာတို့ တူအရီးနှစ်ယောက်ရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Soe Myat Nandar's Facebook Page and Tik Tok Account

@soethusoemyatnandar

♬ original sound - Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။