ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုမြတ်နိုးဦး ကတော့ ချစ်စရာအပြုံးချိုချို လေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားတာဖြစ်ပါတယ်။ မင်းသမီးချောလေး ဆုမြတ်နိုးဦးက သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝကျကျ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်သဘောထားပြည့်ဝပြီး အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ သူဖြစ်သလို သူတစ်ပါးပေါ်မှာလည်း ကူညီပေးလေ့ရှိတဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit - Ma Hsu Myat Noe
Photo Credit - Ma Hsu Myat Noe

လတ်တလောမှာတော့ မင်းသမီးချောလေး ဆုမြတ်နိုးဦး က ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားခဲ့ရပြီး ချစ်ရတဲ့သူတွေနဲ့ အတူ နေသစ်တွေကို ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဆုမြတ်နိုးဦး က ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ပရိသတ်တွေနဲ့ ဝေးကွားမသွားအောင် သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း အချစ်တော်လေး ဆုမြတ်နိုးဦး က မြင်သူတိုင်း ငေးမောသွားစေလောက်မယ့် ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပြန်ပါပြီနော်...။

Photo Credit - Ma Hsu Myat Noe
Photo Credit - Ma Hsu Myat Noe

ဒီပုံလေးတွေထဲမှာတော့ အချစ်တော်လေး ဆုမြတ်နိုးဦး က ရွှေဝါရောင် အမိုက်စားဖက်ရှင်ဝတ်စုံလေးကို ဝတ်ထားပြီး ဘိုဆန်တဲ့ အလှတရားတွေနဲ့ ရင်ခုန်စရာကောင်းလောက်အောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် လိုက်ဖက်တဲ့ ဖက်ရှင်ဝတ်လေးကြောင့် သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပိုမိုလွင်နေတာကို တွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ အမိုက်စားဖက်ရှင်ဝတ်စုံလေးနဲ့ လှသွေးကြွယ်နေတဲ့ အချစ်တော်လေး ဆုမြတ်နိုးဦး ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Ma Hsu Myat Noe

Source - Hsu Myat Noe Oo's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။