ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတဲ့ ဦးကျော်သူက စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ဦးကျော်သူက တစ်ခေတ်တစ်ခါကတည်းက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုတွေကို ဟိုးအရင်ကတည်းက ရရှိခဲ့တဲ့သူပါနော်။ပရိသတ်တွေကတော့ ဦးကျော်သူရဲ့အနုပညာအရည်အသွေးတွေကိုလည်းအားပေးကြသလို သူ့ရဲ့စိတ်ထားလေးကိုလည်း လေးစာချီးကျူးကြပါတယ်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

ဦးကျော်သူက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို ပရိသတ်တွေကလည်း ဝန်းရံအားပေးနေကြဆဲပဲဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ ဦးကျော်သူရဲ့ကျေးဇူးရှင်မိခင်ဒေါ်မြသန်းရဲ့ (၈၃)နှစ်ပြည့်မွေးနေ့လေးမှာ သံဃာတော်မြတ်ငါးပါးအားပင့်ဖိတ်ပြီး မိခင်ရဲ့အိမ်မှာ ကုသိုလ်တွေပြုခဲ့ကြတာဖြစ်ပါတယ်။ဦးကျော်သူရဲ့မိခင်ကလည်း တည်ငြိမ်အေးချမ်းပြီး ကျက်သရေအဖြာဖြာနဲ့ပြည့်စုံကာ အရွယ်တင်လှပနေတာပါနော်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

ကုသိုလ်တွေယူပြီးသွားတဲ့အခါမှာတော့ ဦးကျော်သူက မိသားစုဝင်တွေနဲ့အတူ မေမေ့ရဲ့ငယ်ဘဝပုံလေးနဲ့ကိတ်မုန့်လေးလုပ်ပြီး မွေးနေ့ကိတ်ခွဲပေးခဲ့တာဖြစ်ပါတယ်။ဦးကျော်သူရဲ့မိခင်ကလည်း သားသမီးတွေရဲ့ Suprise ကြောင့် ပီတိအပြုံးလေးနဲ့ ပျော်ရွှင်နေတာဖြစ်ပါတယ်။ဦးကျော်သူတို့ဇနီးမောင်နှံကတော့ မေမေရဲ့မွေးနေ့လေးမှာ စိတ်ချမ်းသာပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေအောင် လုပ်ဆောင်ပေးခဲ့ကြတဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kyaw Thu's Facebook Account
Photo Credit:Kyaw Thu's Facebook Account

Source&Photo Credit:Kyaw Thu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။