မြောက်ကိုရီးယားကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်ကျောင်းသား အိုတိုဟာ ဦးနှောက်ထိခိုက်နေပေမယ့် ဦးနှောက်ပိုင်းဆိုင်ရာ ပျက်စီးရတဲ့အကြောင်းအရင်းကို မသိရဘူးလို့ အိုဟိုင်းအိုဆေးရုံက ဒေါက်တာဒယ်နီယယ် ကန်တာကပြောကြားခဲ့ကြောင်း Washington Post မှာဖော်ပြထားပါတယ်။
မြောက်ကိုးရီးယား မှာ ၁၇ လတာ ချုပ်နှောင်ခံရပြီးနောက်ပိုင်း ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အမေရိကန်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ အိုတိုဟာ မျက်တာင်ခတ်တာတွေ လုပ်ပေမဲ့လည်း စကားတုံပြန်နို်င်တာ မရှိသလို ပတ်ဝန်းကျင်အဖြစ်အပျက်တွေကို သိရှိပုံမပေါ်ဘူးလို့
ဆရာဝန်တွေကဆိုပါတယ်။
လက်ရှိမှာကိုးမားရောဂါရရှိထားမှုနဲ့ပတ်သက်ပြီးတော့မြောက်ကိုးရိးယားအစိုးရကအိုတိုဖျားနာနေခဲ့တဲ့အတွက်အိပ်ဆေးတွေသောက်ရာကနေ ခုလို ဖြစ်သွားခဲ့ကြောင်းပြောကြားခဲ့ပေမယ့် အိုတို့ မိသားစုဝင်တွေကအဆိုပါအကြောင်းပြချက်ကို ပယ်ချထားပြီး မြောက်ကိုးရီးယား အာဏာပိုင်တွေက ညှင်းပန်း နှိပ်စက်တဲ့အတွက် ခုလိုဖြစ်ရတာလို့ စွပ်စွဲထားကြောင်းသတင်းမှာဖော်ပြထားပါတယ်။
Aung
သတင်းအရင်းမြစ် Washington Post
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။