ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး နန်းစုရတီစိုးကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်နေပြီး အောင်မြင်မှုတွေများစွာရရှိထားတဲ့သူလေးပါနော်။ နန်းစုက သရုပ်ဆောင်ပီပြင်ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း အသံချိုချိုလေးတွေနဲ့ သီဆိုတက်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တခဲနက်ရရှိထားတာလည်းဖြစ်ပါတယ်။ နန်းစုက အသက်သုံးဆယ်ကျော်အရွယ် မိန်းကလေးတစ်ယောက်လို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတာပါနော်.......။

Photo credit - Zay Myo Htet ( Galaxy )
Photo credit - Zay Myo Htet ( Galaxy )
Photo credit - Zay Myo Htet ( Galaxy )

နန်းစုက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး ကြော်ငြာတွေနဲ့ photo shootingတွေကို လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း ပရိသတ်တွေအတွက် အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို မျှဝေပေးလျက်ရှိနေတာကိုလည်း တွေ့ရပါတယ်။ နန်းစုက ယနေ့မှာလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပါနော်......။

Photo credit - Zay Myo Htet ( Galaxy )
Photo credit - Zay Myo Htet ( Galaxy )
Photo credit - Zay Myo Htet ( Galaxy )

တော်ဝင်မင်းသမီးတစ်ပါးလို ကျက်သရေရှိရှိလှနေပြီး လှပတဲ့ မြင်းကိုစီးနေတဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာတာပါ.။ နန်းစုရဲ့ ပုံလေးတွေတိုင်းက ချစ်စရာကောင်းလွန်းနေတဲ့အပြင် " ဘယ်သူတွေတားထားလဲ ရောက်အောင်သွားမှာပဲ မင်းနဲ့ ဆုံဆည်းမယ့် အချစ်မြို့လေးကို " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေ နန်းစုရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit - Zay Myo Htet ( Galaxy )
Photo credit - Zay Myo Htet ( Galaxy )
Photo credit - Zay Myo Htet ( Galaxy )

Photo credit - Zay Myo Htet ( Galaxy ) 

Source - Nansu Yati Soe's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။