ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော ခင်သဇင်ကတော့ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေက တခဲနက်အားပေးချစ်ခင်နေကြတာပါ..။

သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းတဲ့အလှတရားတွေကိုပါ ပိုင်ဆိုင်ထားပြီး ပွင့်လင်းတဲ့ စကားပြောဟန်ပန်တွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာဖြစ်ပြီး ဇာတ်ကားတွေလည်း များစွာ ရိုက်ကူးထားသူပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Khin Thazin's Fb Account
Photo Credit - Khin Thazin's Fb Account

ပရိသတ်အချစ်တော်လေး ခင်သဇင်ကတော့ “အချစ်ဖွဲ့လေညင်း” ဇာတ်ကားမှာလည်း မိုးကလျာဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်ပြီး သူမဝါသနာပါပြီး နှစ်သက်တဲ့ အနုပညာအလုပ်တွေအကြောင်းကိုလည်း ပြောပြလာပါတယ်နော်..။

ငွေရေးကြေးရေးကြောင့် သရုပ်ဆောင်လောကထဲကို ဝင်လာတာ မဟုတ်ဘဲ သရုပ်ဆောင်အလုပ်ကို လုပ်ရင်းနဲ့ အင်မတန်ကို နှစ်သက်လို့သာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်တဲ့ အကြောင်းလေးတွေကို ပြောပြထားတာပါ..။


Photo Credit - Khin Thazin's Fb Account
Photo Credit - Khin Thazin's Fb Account

“သရုပ်ဆောင်လောကထဲကို စပြီးဝင်လာကတည်းက အရမ်းကြီးငွေရေး၊ကြေးရေးကြောင့် ဝင်လာတာတော့မဟုတ်ခဲ့ဘူး သရုပ်ဆောင်အလုပ်ကို လုပ်ရင်းနဲ့ သရုပ်ဆောင်ပညာကို အင်မတန်ကို နှစ်သက်လို့ကို အလုပ်ကို အလုပ်နဲ့တူအောင်အပိုးကျိုးကျိုးနဲ့ လုပ်လို့သာ ပရိုဂျူဆာတွေက ခေါ်ရိုက်တာလေနော်.. ဒီအလုပ်ကလေးကိုပဲ အပိုးကျိုးကျိုးနဲ့ သေချာသင်ယူပြီး လုပ်သွားဖို့ပဲ ရှိတယ် ပိုက်ဆံရတိုင်း လိုက်ရိုက်ပြီးတော့ ကာရိုက်တာကျိုးသွားအောင်တော့ ရိုက်မှာ မဟုတ်ဘူး ..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တဲ့အကြောင်းလေးအပြင် သူမကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းလေးအကြောင်းကိုလည်း ပြောပြထားသေးတဲ့ ခင်သဇင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Khin Thazin's Fb Account
Photo Credit - Khin Thazin's Fb Account

Photo Credit - Khin Thazin's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။