ထိုင်းမင်းသားလေးလို ချောမောခန့်ညားတဲ့ရုပ်ရည်လေးနဲ့ အမိုက်စားbodyအချိုးအစားကိုပိုင်ဆိုင်ထားတဲ့ မင်းသားချောပိုင်တံခွန်ကိုပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။သူဟာ ဆံပင်အရှည်လေးနဲ့ကြည့်ကောင်းလှတဲ့မင်းသားချောလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အပြုံးတွေဟာဆိုရင်လည်း နှုတ်ခမ်းနီမလေးတွေကိုကြွေကျသွားစေနိုင်ပါတယ်နော်။ ပိုင်တံခွန်ဟာ တိချစ်သူတစ်ယောက်လည်းဖြစ်တာကြောင့် သူ့ရဲ့အိမ်မှာဆိုရင်လည်း ခွေးလေးတွေ ကြောင်လေးတွေ ငှက်လေးတွေရောပါစုံအောင်မွေးထားတာပါ။

Photo Credit-Paing Takhon's Facebook acc
Photo Credit-Paing Takhon's Facebook acc

ပိုင်တံခွန်ဟာ အနုပညာလုပ်ငန်းတွေကိုလည်း ပြည်တွင်းမှာသာမက ပြည်ပအထိပါထိုးဖောက်ဝင်ရောက်ပြီး အောင်မြင်နေတဲ့မင်းသားချောတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ပရိတ်သတ်တွေဟာဆိုရင်လည်း ပြည်တွင်းရောပြည်ပမှာပါ အများအပြားရှိပြီး အားပေးဝန်းရံမှုအပြည့်အဝရရှိထားတဲ့ မင်းသားချောလေးဖြစ်ပါတယ်။ ဒါ့ပြင်သူဟာ ရုပ်ရှင်ကားကြီးတွေကိုလည်း ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်နေတဲ့သူလေးတစ်ယောက်ပါနော်။

Photo Credit-Paing Takhon's Facebook acc
Photo Credit-Paing Takhon's Facebook acc

ပိုင်တံခွန်ဟာ သူ့ရဲ့အားလပ်ချိန်လေးတွေကို အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားရင်း အချိန်ကုန်လေ့ရှိသူပါ။ မကြာသေးမီကလည်း သူ့ရဲ့Facebookစာမျက်နှာတွင် အရမ်းချစ်ရတဲ့ ကြောင်ပေါက်လေးကိုဖက်ထားပြီး အာဘွားတွေပေးကာချစ်မဝဖြစ်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Paing Takhon's Facebook acc
Photo Credit-Paing Takhon's Facebook acc

Source-Paing Takhon's Facebook acc

Photo Credit-Paing Takhon's Facebook acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။